အေးစိမ့်နေသော ဆောင်းညသည်ဆိတ်ငြိမ်လွန်းစွာ..။
ParkSunghoonသည် သူ့ကားအနက်ရောင်ကိုမှီရပ်ထားရင်း
ခြံတံခါးဖွင့်ကာ ထွက်လာတဲ့ဆောနူကိုငေးကြည့်နေမိသည်။ ဒီကောင်လေးကို မြင်လိုက်တာနဲ့
ပြီးပြည့်စုံသွားတတ်တဲ့ သူ့ခံစားချက်ကို
သူမလိမ်ညာချင်တော့ပါ။ အချစ်ဟုတ်နိုင်ရဲ့လားလို့တွေးစရာမလိုလောက်အောင် သူကိုယ်တိုင်က ညံ့သက်ပျော်ဝင်နေမိပြီ။ kimsunooသာ ပျော်မယ်ဆိုဘာမဆိုဖြည့်ဆည်းပေးချင်နေမိပြီ။မညာတမ်းဝန်ခံရရင် ရိုက်ကူးရေးတွေမစမီ
ပထမဆုံးscriptအတူဖတ်ရတဲ့နေ့ကတည်းက
သူ ဆောနူကိုစိတ်ဝင်စားခဲ့မိသည်။အစကစိတ်ဝင်စားယုံမျှသာဖြစ်သော်ငြား ဆောနူအကြောင်းသိလာရလေသူပိုပြီးသဘောကျမိလေ။ သူဟာ ပင်ကိုယ်အေးတိအေးစက်နေတတ်ပေမဲ့ ချစ်စရာကောင်းတဲ့ဆောနူကိုတော့ သူ့နှလုံးသားက
လျစ်လျူရှုမထားနိုင်ခဲ့ဘူးထင်ပါရဲ့။ တစ်နေ့ထက်တစ်နေ့မြတ်နိုးလာမိရင်း..ချစ်မိသွားဖို့သေချာသွားတဲ့နေ့ကတော့ ရိုက်ကူးရေးတတိယရက်မှာစခဲ့လေသည်။Characterအရ
နှစ်ဦးသား မျက်နှာချင်းဆိုင်အနေအထားတွင်..
ဆောနူမျက်ဝန်းတွေကိုစိုက်ကြည့်ကာ
ဂစ်တာတီး၍သီချင်းဆိုပြနေမိရင်း
တကယ်တမ်းတဆတ်ဆတ်တုန်လာခဲ့တဲ့သူ့နှလုံးသား...သူ့ကိုတန်ပြန်ပြုံးငေးကြည့်နေတဲ့မျက်ဝန်းအိမ်သေးသေးလေးတွေမှာနစ်မြုပ်သွားတဲ့အာရုံတွေ...။ဟုတ်တယ်..Shionကိုမဟုတ်ဘဲ ဒီအတိုင်း kimsunooကို.. . sunooကိုပဲ သူအချစ်သီချင်းတစ်ပုဒ်ဆိုပြခဲ့လိုက်တာဖြစ်သည်။"စီနီယာ..ဒီအချိန်ကြီး"
အညိုရောင်မာဖလာလေးကို မျက်နှာတစ်ဝက်ကွယ်လုမတတ် နွေးနွေးထွေးထွေးဝတ်ထားတဲ့ဆောနူက သူ့ရှေ့ကိုရောက်လာပြီး ဇဝေဇဝါလေးမေးလာတယ်။
ဆောင်းဟွန်း ခပ်ရေးရေးပြုံးလိုက်မိရင်း ကားထဲကpizzaဘူးကို လှမ်းယူပြီးပေးလိုက်တော့ဆောနူက မျက်လုံးတွေဝိုင်းစက်သွားလေရဲ့။"ခုနက ဆောနူဗိုက်ဆာနေတယ်ဆိုလို့"
"ဗျာ..?"