တစ်လအကြာမှာတော့ လင်းကျောင်ရဲ့ မိသားစုမှာ အကြီးအကျယ်ကိစ္စကြီးတစ်ခုဖြစ်သွားကာ သူ(မ)အဘိုး ဆုံးသွားတာဖြစ်၏။ လင်းကျောင်က သူ(မ) အဘိုး၏ အချစ်ဆုံး မြေးမလေးဖြစ်ပြီး သဘာဝကျကျပဲ နာရေးအတွက် ပြန်ရမည်ဖြစ်သည်။ နာရေးခွင့်နှင့် လဝက်အကြာပြန်လာပြီးနောက် လင်းကျောင်က တခြားလူတစ်ယောက်လိုဖြစ်သွားသည်။ အဝတ်ဗီဒိုထဲက ပန်းရောင် အဝတ်အစားတွေကို အကုန်လွှင့်ပစ်ကာ အရောင်ရင့်ဝတ်စုံတွေနှင့်အစားထိုးလိုက်သည်။
သူ(မ) ပေါ့ပေါ့ပါးပါးအပျော်သဘောဖြင့် မျက်လုံးကြီးကြီး၊ မျက်ရစ်နှစ်ထပ်နှင့် flash curtain မျက်နှာဝိုင်းလေးဖြင့် လင်းကျောင်နှင့်တူသောကောင်မလေးအသစ်ရသွားသည့် ဝမ်ယုံ့ကျီနှင့် အေးအေးချမ်းချမ်းပဲ ပြတ်ဆဲလိုက်သည်။ သူ(မ)ကလည်း ပန်းရောင်ဝတ်ရတာကြိုက်သူဖြစ်သည်။
ဝမ်ယုံ့ကျီက လင်းကျောင်ကိုအရမ်းချစ်တာကြောင့် မိသားစုမတော်တဆမှုဖြင့်စိတ်ပြောင်းကာသူ့ကိုဖြတ်သွားသည့် လင်းကျောင်အစား သူဒီလို အစားထိုးတစ်ယောက်တွေ့တာလို့ အကုန်လုံးကပြောကြ၏။
လျှို့မင်ယွီအဲ့တာကိုရယ်လိုက်ပေမဲ့ သူကစိတ်ကူးယဉ်ချစ်သူမဟုတ်သလို "မင်းအရမ်းတွေချစ်မိနေရင် အစားထိုးရှာလိုက်ပါ" ဆိုတာက ရိုးရိုးတန်းတန်းဟာသတစ်ခုပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယုံ့ကျီ တစ်ယောက်ပြီးတစ်ယောက် ကောင်မလေးတွေထားခဲ့ကာ တစ်ယောက်မကျန် အကုန်လုံးက သေးသေးကွေးကွေးပန်းရောင်ကောင်မလေးတွေဖြစ်သည်။
အဲ့တာကိုကြားပြီးတဲ့နောက် လျှို့မင်ယွီတစ်ယောက် ဝမ်ယုံ့ကျီရဲ့ အရူးအမူးဖြစ်မှုကို အထင်ကြီးမိလာသည်။
သူ့မှာကောင်မလေးတွေအများကြီးရှိပေမဲ့ အကုန်လုံးက တစ်လအောက်ပဲတွဲခံကာ အစောဆုံးက တစ်ပတ်ထဲနှင့် Game Overဖြစ်သွားသည်။ ထပ်ပြီး သူနဲ့ လမ်းခွဲခဲ့တဲ့ ကောင်မလေးတွေအကုန်လုံးက သဘောတူပြီး သူ့ကိုထုတ်ပစ်လိုက်ကာ ဘာလို့လဲလို့ မေးလိုက်တိုင်း အကုန်လုံးတစ်ပုံစံထဲပဲပြန်ဖြေကြ၏။ "သူကမှငါ့ကိုမချစ်တာ!"
YOU ARE READING
သူ့ကမ္ဘာကြီးကပန်းရောင်လေး
RomanceTitle- [His World is Pink] Author- Mò Lǐ Chapters- 5 (Complete) 1.9mရှည်တဲ့ ပန်းရောင်ကောင်လေးနဲ့ ကောင်ချောလေးတို့ရဲ့ ဇာတ်လမ်းလေး 1.9mရွည္တဲ့ ပန်းရောင်ကောင်လေးနဲ့ ကောင်ချောလေးတို့ရဲ့ ဇာတ်လမ်းလေး I do not own this novel. It's fun translation.