လူသစ်ကြိုဆိုပွဲမှာ ဝမ်ယုံ့ကျီကို လျှို့မင်းယွီ သတိထားမိခဲ့သည်။
အဲ့ဒီအချိန်တုန်းက လျှို့မင်ယွီတစ်ယောက် သူ့ကောင်မလေးအနားမှာထိုင်ကာ သူ(မ)နဲ့ သူ(မ)ရဲ့ အခန်းဖော်တွေပြောနေကြတဲ့ အတန်းတွင်း အတင်းအဖျင်းပေါင်းစုံကိုနားထောင်နေခဲ့သည်။ သူ သူ(မ)ရဲ့ ပန်းနုရောင်ဖုန်းနဲ့ ကစားရတာပျင်းလာတာကြောင့် ဖုန်းထဲက ဆယ်လ်ဖီဟုခေါ်သောဖိုင်ထဲသို့ဝင်ကာ သူ(မ)ရဲ့ လျှာထုတ်နေတဲ့ပုံတွေ၊ မျက်လုံးပြူးပြီး ကင်မရာကို စိုက်ကြည့်နေပုံတွေနဲ့ ကတ်ကြေး သဏ္ဌာန်လက်ပုံစံနဲ့ ပို့စ်ပေးနေတာတွေကို မရပ်တန်း ဟာသလုပ်နေခဲ့၏။"စိတ်ညစ်စရာကောင်းလိုက်တာ။ ညီမဖုန်းနဲ့ဆော့နေတာကိုရပ်လိုက်တော့။" လျှို့မင်ယွီရဲ့ ကောင်မလေးက လူသစ်ဖြစ်ပြီး နာမည်က လင်းကျောင် ဟုခေါ်သည်။ သူ(မ)က ချစ်စရာကောင်းပြီး ချိုသာတဲ့ရုပ်ရည်မျိုးနှင့်အတူ အရုပ်ခေါင်းလေးလို မျက်နှာဝိုင်းလေးနှင့်ဖြစ်ကာ နှိမ့်ချတတ်သူဖြစ်သည်။
သူ(မ)နဲ့တွေ့ချိန်မှာ လျှို့မင်းယွီက တက္ကသိုလ်တတိယကိုရောက်နှင့်ပြီးဖြစ်ကာ သူ(မ)နှင့် department အတူမဟုတ်ပေ။
သူ(မ)ကို receptionမှာတွေ့လိုက်တဲ့အချိန် သူ(မ)နောက် လိုက်ဖို့အကြံရသွားရုံဖြစ်သည်။ လျှို့မင်ယွီက ကြည့်ကောင်းပြီး 1.78m အရပ်နှင့်မို့ တက္ကသိုလ်တက်ခါစ မိန်းကလေးတစ်ယောက်ကိုလိုက်ဖို့အတွက် ဘာမှလုပ်လိုက်စရာ သိပ်မလိုပေ။
"သူငယ်ချင်းရှိတဲ့အချိန် ခင်ပွန်းကို မလိုချင်တော့အပြင် မင်းဖုန်းနဲ့ပါဆော့ခွင့်မပေးတော့ဘူးပေါ့ ဟမ်?" လျှို့မင်ယွီ သူမကိုစလိုက်သည်။
သူ(မ)က နှုတ်ခမ်းဆူလိုက်ကာ မကျေနပ်ချက်ဖွင့်ပြောလိုက်သည်။ လင်းကျောင်က ချစ်စရာကောင်းသည့်ရုပ်ရည်နှင့် နူးနူးညံ့ညံ့ပုံစံ ဝတ်ဆင်ခြယ်သထားတာကြောင့် အရုပ်အကြီးကြီးတစ်ခုနှင့်ပင်တူနေသည်။ "ညီမက သူငယ်ချင်းကိုစကားပြောနေရုံလေးတင်လေ မဟုတ်ဘူးလား။" သူ(မ)စကားလမ်းကြောင်းလွဲလိုက်ကာ အသံကိုတိုးလိုက်သည်။ "ညီမပြောပြမယ်။ အားကစားကျောင်းသားအဖြစ်နဲ့ ဝင်လာတဲ့ကောင်လေးတစ်ယောက်ရှိတယ်တဲ့။ သူ့က ဘော်လီဘောဆော့ပြီး အရပ်က 1.90mတောင်ရှည်တာတဲ့နော်။"

YOU ARE READING
သူ့ကမ္ဘာကြီးကပန်းရောင်လေး
RomanceTitle- [His World is Pink] Author- Mò Lǐ Chapters- 5 (Complete) 1.9mရှည်တဲ့ ပန်းရောင်ကောင်လေးနဲ့ ကောင်ချောလေးတို့ရဲ့ ဇာတ်လမ်းလေး 1.9mရွည္တဲ့ ပန်းရောင်ကောင်လေးနဲ့ ကောင်ချောလေးတို့ရဲ့ ဇာတ်လမ်းလေး I do not own this novel. It's fun translation.