နွေဦးတောင်ရောက်ပြီပဲ ငါသိပ်သဘောကျတဲ့ရာသီလေးရောက်လာခဲ့ပြီ ဒီကနေ့ကောင်းကင်ကကြည်ပြာပြီးတောက်ပနေတယ် နေရောင်ဖျော့ဖျော့အောက်မှာလမ်းထွက်လျှောက်ချင်လိုက်တာ
"နန်းနွယ်"
နန်းနွယ်လို့အမည်ရတဲ့အစေခံမလေးဟာ သခင်မလေးငြိမ်းငယ်ရဲ့ခေါ်သံကြားတာနဲ့ တံခါးထောင့်လေးမှာထိုင်နေရာကနေခပ်သုတ်သုတ်လေးပြေးလာတယ်
"ရှင် မမလေး"
"ငါ့ကိုအဲ့လိုမခေါ်ပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲနန်းနွယ်"
"ဟုတ် နန်းနွယ်ကဒီတိုင်းအကျင့်ဖြစ်နေလို့ပါမမလေးရဲ့"
"ကြည့် ခေါ်ပြန်ပြီ ငါမကြိုက်တာသိရဲ့နဲ့နော် နင်ငါ့ကိုအဲ့လိုပဲဆက်ခေါ်နေမယ်ဆို ငါ့ရှေ့ကထွက်သွားလိုက်တော့"
ဒီတစ်ခါမမလေးတစ်ကယ်စိတ်ဆိုးသွားတာထင်တယ် မျက်နှာကိုတစ်ခြားတစ်ဖက်ကိုလှည့်လို့ နန်းနွယ်ကိုကျောပေးထားတယ်
"နန်းနွယ်တောင်းပန်ပါတယ် မမလေးလို့နောက်တစ်ခါထပ်မခေါ်တော့ပါဘူး နော် စိတ်မဆိုးပါနဲ့တော့ ငြိမ်းရယ်"
"ပြီးရော ငါလမ်းလျှောက်ထွက်ချင်လို့ နင်လိုက်ခဲ့မှာလား"
"လိုက်မှာပေါ့ နန်းနွယ်ကငြိမ်းဘယ်သွားသွားလိုက်မှာ ငြိမ်းခေါ်ရင်ပေါ့"
"ဟီး ဟုတ်ပါပြီ"
/ငြိမ်းကလေတစ်ကယ့်ကိုကလေးတစ်ယောက်လိုပါပဲ စိတ်ဆိုးစိတ်ကောက်လွယ်သလောက် စိတ်ပြေတာလဲမြန်တယ် အဲ့ဒီအမျိုးသမီးလေးစိတ်ကောက်ရင်ငါဖြင့်မနေတတ်လို့ပါ ငါပြန်ချော့တိုင်းစိတ်ကောက်ပြေစေချင်တယ်/
"ငြိမ်း မျက်လုံးခနမှိတ်"
"ဟင် ဘာလို့"
ဦးယာဉ်ထဲမှာလမ်းလျှောက်နေတုန်း ရုတ်တရက်လက်ကိုလှမ်းဆွဲလိုက်တဲ့နန်းနွယ်ကြောင့် ငြိမ်းလန့်သွားမိတယ်
"မျက်လုံးခနမှိတ်ထား နန်းနွယ်ကိုယုံတယ်မလား"
ဒီအခိုက်အတန့်မှာ ခေါင်းလေးသာငြိမ့်ပြလာတဲ့ငြိမ်းငယ်တစ်ယောက်ရင်တွေခုန်နေမှာအမှန်ပဲ
YOU ARE READING
ကံ့ကော်တွေကိုသက်သေတည်၍
Cerita Pendek"ကံ့ကော်ပန်းရဲ့အဓိပ္ပါယ်ကိုသိလားနန်းနွယ်" "ဟင့်အင်း ဘာတဲ့လဲကံ့ကော်ပန်းအဓိပ္ပါယ်လေးက" "မပြောင်းလဲမယ့်ထာဝရအချစ်ပါတဲ့..."