တမာမြေက နှင်းဆီနှစ်ပွင့်

108 9 26
                                    

ဒီနေ့ အဒေါ်ဖြစ်သူကိုသွားခေါ်ရမည်ဆိုသောကြောင့် မထချင်ထချင်နဲ အစောကြီးထပြီး စက်ဘီးစီးကာထွက်လာခဲ့လိုက်သည်။

''နေ့တိုင်းများသွားခေါ်ရမှာလားမသိပါဘူးကွာ စိတ်ညစ်ပါတယ်''

စောဘုန်းဇေယျာမြတ်လည်း အမေရေးပေးလိုက်တဲ့ အိမ်လိပ်စာလေးကိုင်ပြီး စက်ဘီးအစုတ်လေးနဲ့ တစ်ယောက်ထဲယောင်လည်လည်

''ဟိုနားကအိမ်ထင်တယ်''

စက်ဘီးဘရိတ်ကသိပ်မကောင်းတာမလို့ မရောက်ခင်ကတည်းက ဘရိတ်ကြိုအုပ်ရလေ့ရှိသည်။

ကျွီ......

စက်ဘီးဘရိတ်အုပ်သံခပ်ကျယ်ကျယ်ထွက်လာသည်

စက်ဘီးရပ်ပြီး ဟိုကြည့်ဒီကြည့်ကြည့်မိတော့ သတိထားမိတာတစ်ခုက တော်တော်မိုက်တဲ့အိမ်ဆိုတာဘဲ

''ဆရာမကိုလာကြိုတာလား ခဏလေးစောင့်နော် ခဏနေရင်ထွက်လာတော့မယ်ပြောတယ်''

အသံလားရာဘက်ကိုကြည့်လိုက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ရှုဖို့တောင်မေ့သွားရသည်

ဝရံတာပေါ်က ကျွန်တော့်ရဲ့ ငြီးငွေ့စရာတစ်စက်မှမကောင်းတဲ့ ဖြစ်တည်မှု့လေး သူ့ရဲ့မျက်နှာဖြူဖြူနုနုပေါ်မှာ ဆံပင်တစ်ချို့က ဝဲကျနေသေးသည် လေအဝေ့တစ်ချက်တစ်ချက်မှာ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်​တစ်ချို့က ယိမ်းနွဲ့နေသေးသည်
ကျွန်တော်ဖြင့် ဒီမြင်ကွင်းကို တစ်သက်လုံးသာထိုင်ကြည့်နေလိုက်ချင်ပါတော့တယ်
နောက်ပြီး သူ့ရဲ့အသံကို ပထမဆုံးအကြိမ် သေသေချာချာကြားဖူးခြင်း
လူလေးလှသလို အသံလေးလည်းချိုလိုက်တာ
ကျွန်တော့်မှာ ဘာမှတောင်မပြောနိုင် ခေါင်းသာခပ်သွက်သွက်ငြိမ့်ပြလိုက်ရသည်

''ငါတော့ရူးတော့မှာဘဲ''
ဟုခပ်တိုးတိုးငြီးမိသည်
တစ်ကယ်လည်း ရူးတော့မည်မဟုတ်လား
ဒီလောက်လှတဲ့မြင်ကွင်း ဒီလောက်ချိုတဲ့အသံကို မြင်ရကြားရပြီး မရူးတဲ့သူ ဘယ်ရှိမလဲဗျာ
ကျွန်တော်ရူးတာမထူးဆန်းပါဘူး မရူးတဲ့သူကမှ ထူးဆန်းတာပါ

ဗြန်း...

''အာလာလာ နာလိုက်တာဗျာ''

အတွေးလွန်နေတာ နောက်မှာ အဒေါ်လာထိုင်တာတောင်မသိလိုက်မိ

ချစ်​ခြင်းမေတ္တာ ကဋေကဋာWhere stories live. Discover now