နှင်းဆီနီနီတစ်ပွင့်မင်းကိုပေးမယ်

732 30 12
                                    

1992ခုနစ် မေလ
(မြန်မာသက္ကရဇ် ၁၃၅၄ခုနစ် ကဆုန်လ)

တောင်...တောင်...တောင်...

ကျောင်းခေါင်းလောင်းထိုးသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသားများကလည်း သက်ဆိုင်ရာအတန်းဆီကို ကိုယ်စီပြေးလွှားနေကြသည်

''ဟျောင့် စောဘုန်းဇေယျာမြတ်''

''အေး ဝေလွင်အောင် မင်းဘယ်တွေရောက်နေတာတုန်း ငါဒီမှာစောင့်နေတာ ကျောင်းခေါင်းလောင်းတောင်ထိုးနေပြီ''

''အေးပါကွာ လာပါသွားရအောင်မြန်မြန်''

စောဘုန်းဇေယျာမြတ်နဲ့ ဝေလွင်အောင်ဆိုတာ ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်း၊ သွားအတူလာအတူ အခုလည်း ဆယ်တန်းစာမေးပွဲမှာ (ခ) ကအောင်တာချင်းတူလို့ ဆယ်တန်းကို အတူတူပြန်တက်ရခြင်း

''ဟျောင့် ငါတို့ကဘယ်အခန်းသွားတက်ရမှာလဲ''

''ငါ့ညီမအတန်းထဲဘဲသွားထိုင်နေကြတာပေါ့ကွာ''

ဆယ်တန်းအမှတ်စာရင်းတွေက နောက်ကျပြီးမှရတာမလို့ စောဘုန်းဇေယျာမြတ်တို့ အမှတ်စာရင်းသိရတဲ့အချိန်က တစ်ခြားအတန်းတွေစာစသင်တာတစ်လလောက်တောင်ရှိနေပြီဖြစ်သည်
အဲ့တာကြောင့်မလို့ ဘယ်အတန်းသွားရမှန်းမသိယောင်လည်လည်ဖြစ်နေကြပြီး နောက်ဆုံးတော့ ဝေလွင်အောင်ရဲ့ တစ်တန်းငယ်တဲ့ ညီမဖြစ်သူရှိတဲ့အတန်းဘဲသွားနေရန်ဆုံးဖြတ်လိုက်သည်

စောဘုန်းဇေယျာမြတ်တို့ အတန်းရှေ့ရောက်တော့ ဆရာမကစာစသင်နေပြီ

''ဟျောင့် ဆရာမစာသင်နေပြီ ဘယ်လိုလုပ်ကြမလဲ''

''နောက်ဆုံးခုံမှာ ခပ်တည်တည်နဲ့ဘဲဝင်ထိုင်ကြမယ်''

ဆရာမအလစ်ကိုချောင်းပြီးနှစ်ယောက်သား နောက်ဆုံးခုံအလွတ်မှာ ခပ်တည်တည်ဘဲဝင်ထိုင်နေလိုက်ကြသည်။

စောဘုန်းဇေယျာမြတ်လည်း တွေ့ရာစာအုပ်တစ်အုပ်ကောက်ထုတ်ထားလိုက်ပြီး ပျင်း​ပျင်းနဲ့ အခန်းထဲဝေ့ကြည့်မိတော့ ရှေ့ဆုံးအတန်းက မျက်မှန်နဲ့ကောင်လေး

နုနုဖတ်ဖတ်လေးကွာ အသားကလည်းဖြူနေတာဘဲ တရုတ်စပ်များလား

သိချင်စိတ်ကြောင့် ဘေးနားက ဝေလွင်အောင်ကို တံတောင်နဲ့တွတ်လိုက်ပြီး

ချစ်​ခြင်းမေတ္တာ ကဋေကဋာWhere stories live. Discover now