ပန်းဆီရောင် နှင်းဆီများ

128 8 0
                                    

မနက်တိုင်း မင်းမျက်နှာလေးကိုမြင်ပြီး တစ်နေ့တာကိုစတင်ရတာလောက် ကျက်သရေရှိတဲ့အရာထပ်ရှိပါဦးမလား

မနက်တိုင်း ဒေါ်ဒေါ့်ကိုသွားခေါ်ရတဲ့ကျေးဇူးနဲ့ သူနဲ့ကျွန်တော်နဲ့လည်း အနည်းငယ်ရင်းနှီးလာပြီ
ဒီနေ့လည်းထုံးစံအတိုင်း ရေအစောကြီးထချိုး ရှိုးထုတ်ပြီး ဒေါ်ဒေါ့်ကိုသွားခေါ်ဖို့ ထွက်လာခဲ့လိုက်သည်။

ကျွီ....

သူကတော့ ကျွန်တော့်ရဲ့ စက်ဘီးဘရိတ်အုပ်တဲ့အသံ​ကို မှတ်မိနေပါပြီတဲ့
ဆယ်တန်းနှစ်ထပ်ကွမ်း​ဆိုတဲ့ဂုဏ်ကြောင့် သူကကျွန်တော့်ကို 'အကို' ဆိုပြီး ခေါ်လေရဲ့

''ဟော အကိုရောက်လာပြီလား ဆရာမခဏနေထွက်လာလိမ့်မယ်ပြောတယ်''

''ရပါတယ်ဗျာ
ဪ ဒါနဲ့ ဟိုဟာ''

''ဘယ်ဟာလည်း''

''ညနေကျောင်းဆင်းရင် အကိုနဲ့အကို့သူငယ်ချင်း ရွှေမောဓောသွားမလို့ မင်းထက်မြတ်တို့ကော လိုက်ခဲ့ပါ့လား သူငယ်ချင်းပါခေါ်ခဲ့လေ''

''အာ မေမေ့ကိုမေးကြည့်ရဦးမယ် ကျောင်းရောက်မှ အကျိုးအကြောင်းပြန်ပြောမယ်လေနော်''

''ဟုတ်ပြီဟုတ်ပြီ''

ဒေါ်ဒေါ်လည်းထွက်လာပြီဆိုတော့ အရင်နေ့တွေလိုဘဲ ဒေါ်ဒေါ့်ကိုအိမ်ပြန်ပို့မယ် သူကျောင်းလာတာကိုငေးဖို့ သူကျောင်းမရောက်ခင် ကိုယ်အရင်ရောက်အောင် အားကုန်စိုက်နင်းမယ် ပင်ပန်းထားသမျှကို သူ့ကိုကြည့်ရင်းဖြေဖျောက်မယ်

ထိုသို့သာယာနေတဲ့ဘဝကို ငှက်ဆိုးထိုးသံကြီးတစ်သံက ဝင်ရောက်လာသည်

''ဟျောင့်ရေ ငါချစ်မိသွားပြီ''

ဟုတ်ပါတယ် ငှက်ဆိုးထိုးသံကဲ့သို့ ဆိုးရွားလှတဲ့ နှစ်ယောက်မရှိဝေကြီးရဲ့အရင်းမရှိအဖျားမရှိထပြောတဲ့စကားပါ

''ဟ မင်းဟာကလည်း ဘယ်သူတုန်း''

''ဆရာမကို''

''မင်းမေကြီးတော်''

ကိုယ်သူဌေးသားကိုကြိုက်တာထက်အခြေအနေဆိုးနေပါ့လားဟေ

''မင်းကွာ အသက်ငါးဆယ်ကျော်ကြီးတွေကို လူကြားမကောင်းအောင်''

ချစ်​ခြင်းမေတ္တာ ကဋေကဋာWhere stories live. Discover now