အပိုင်း (၄၂ က) ဒိုင်ယာရီဟောင်း

14.5K 256 17
                                    

ရိုင်ယန်တို့သားအဖ ကားတစ်စီးနဲ့ မြို့ထဲမှာပတ်နေပါသည်။


>> ဘာတွေဘယ်လိုဖြစ်ကုန်မှန်းမသိတဲ့ ကျွန်တော်ရယ်၊ ဘေးနားမှာ စမူဆာပျောက်သွားလို့ ငိုနေတဲ့အဖေရယ်. .၊ တဖြည်းဖြည်း မှောင်လာတဲ့ကောင်းကင်ကြီးရယ်. .၊ အဲ့ဒီ့ထက်ပိုမှောင်မိုက်အေးစက်သွားရမယ့် ကျွန်တော်နဲ့ စနိူးရဲ့ မနက်ဖြန်တွေရယ်. .

ဘယ်လိုက်လို့လိုက်ရမှန်းလဲ မသိတော့ဘူး၊ အဝေးပြေးဂိတ်လည်း ရောက်ပြီးပြီ၊

ရဲစခန်းလည်း ရောက်ပြီးပြီ. . ။

ရဲစခန်းကဆို ဝင်လာတာနဲ့ ကျွန်တော့်မျက်နှာကိုတွေ့တော့ အရိုက်ခံရလို့ လာတိုင်တယ်ထင်နေကြတာ. . ။

 မိန်းမနဲ့ သမီးအိမ်ပေါ်ကဆင်းသွားလို့ လာတိုင်တာပါဆိုပြီး မနည်းဖြေရှင်းယူရတယ်. . .

ကျွန်တော့်နားထဲမှာ ထပ်ခါထပ်ခါကြားနေရတဲ့စကားက

စနိူးရဲ့အဖေနာမည်ဆိုတာနဲ့ . အဖဦးမိုက်ကယ်တဲ့လေ

သန်းခေါင်းစာရင်းထဲမှာလည်း အဖဦးမိုက်ကယ်ပဲ. . ၊

တကယ်တော့ ကျွန်တော်တို့နှစ်ယောက်ဟာ စာရွက်ထဲမှာ မောင်နှမအရင်းတော်နေတဲ့ သူစိမ်းတရံတွေပါ. . <<

အဖေက ဘေးနားမှာကားမောင်းရင်း ငိုသံကြီးနဲ့ ကျွန်တော့်ကိုဆဲနေတာ . .

'မင်းကွာ. . . စနိူးဆိုတာ ငါတို့မျက်စေ့ရှေ့မှာတင် လူလားမြောက်လာတဲ့ ကလေးပါ. . . မင်းမို့လို့ ဒီလို ယုတ်ယုတ်မာမာတွေ ကြံစည်ရက်တယ်. . .။'

'မင်းအမေအခန်းကိုလည်း . . .ဂျယ်နီက ဘာမှဖျက်ဆီးစရာမရှိဘူးကွ။ သူမတော်တဆဖြစ်သွားတယ်ဆိုတာ ငါအာမခံတယ်။ အဲ့ဒီ့အတွက်နဲ့ မင်း ဒီဘာမှအပြစ်မရှိတဲ့ကလေးအပေါ် လက်တုံ့ပြန်ဖို့မကောင်းဘူး။'

"အဖေ. .. အဖေက အဖေ့မိန်းမကိုတောင် ယုံနိုင်သေးတာ၊ ကျွန်တော်နဲ့စနိူး ချစ်လို့ဖြစ်ကြတာပါ ပြောတော့ကြ မယုံနိုင်ဘူးမှတ်လား"

'ယုံတာမယုံတာ မင်းဘာမှဝင်ပြောစရာမလိုဘူး။ မင်းကိစ္စက လက်သင့်ကိုမခံနိုင်တာ. .၊ တလောကလုံးမှာ ဒီလောက်မိန်းမတွေ ပေါနေတာ၊ ကိုယ့်ညီမလေးကိုကျမ. . ငါမပြောချင်ဘူး'

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now