အပိုင်း (၅၆) ဓါးသွားထက်က ပျားရည်

16.3K 283 12
                                    

စတီဗင်ရဲ့ ကားက ဟိုတယ်တစ်ခုရဲ့အောက်မှာဖွင့်ထားတဲ့ fine dining စားသောက်ဆိုင်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဆိုင်လေးကတော့ ပန်းလေးတွေ အများကြီးနဲ့ အလှဆင်ထားပြီး စိတ်ကူးယဉ်စဖွယ်လေးပါ။ စနိူးက ကားထဲကထွက်လိုက်တော့ မျက်မှောင်နည်းနည်းကျုံ့သွားမိတယ်။

စားသောက်ဆိုင်ရဲ့ အတွင်းကမှောင်မဲနေလို့လေ. . ။

'ဒီဆိုင်က ပိတ်ထားတာလားမသိဘူးနော်'

"မဟုတ်ပါဘူး ဘေဘီကလည်း. . . အေးဆေးသာလိုက်ခဲ့. .."

ဆိုင်တံခါးလေးက မှန်ကွက်ကလေးတွေကို ခြံစီးရိုးကွက် ကွက်ထားသလို စနွင်းမကင်းကွက်ပုံစံ မှန်ဘောင်လေးတွေနဲ့ အလှဆင်ထားပါတယ်. . .၊ အတွင်းထဲမှာ ဘာမှမမြင်ရဘူး. .

စနိူးလိုက်သွားသင့်ရဲ့လား. .

တံခါးဝအရှေ့အရောက်မှာတော့ စတီဗင်က စနိူးရဲ့ မျက်လုံးတွေကို လက်တစ်ဖက်နဲ့ အနောက်ကနေပိတ်ပြီး. .

"ဘေဘီ. . ဖြည်းဖြည်းလျှောက်နော်. . ရှေ့မှာ လှေကား နှစ်ထစ်ရှိတယ်. ."

'စတီဗင်နော် . . စနိူးလည်းတစ်ခုခုတော့ သိနေသလိုပဲ'

"နေပါအုံး. . စိတ်ရှည်ရှည်နဲ့ ဆင်းပါအုံး. . .ဘေဘီကလည်း"

စတီဗင်ရဲ့ လက်တစ်ဖက်က စနိူးကို တွဲကူရင်း လှေကားထစ်ကလေးများကို ဆင်းကြလေသည်။

 စားသောက်ဆိုင်ခန်းမထဲကို တဖြည်းဖြည်းရောက်လာသည်နှင့် အီအီမွှေးမွှေးပန်းရနံ့လေးတစ်ခုကို ရမိသည်။ ထို့နောက် မျက်လုံးကိုအုပ်ထားတဲ့လက်ကိုဖယ်လိုက်ပြီး. .

"Surprise!!! Baby"

စနိူးရဲ့အရှေ့က လျှောက်လမ်းမှာ နှင်းဆီပွင့်ချပ်လေးတွေအပြည့်ခင်းထားတာ နီရဲနေတာပဲ . . ။ ဘေးတစ်ဖက်စီမှာလည်း perfume candle (အမွှေးဖယောင်းတိုင်) လေးတွေထွန်းလို့. . .

လမ်းရဲ့အဆုံးမှာ စနိူးတို့နှစ်ယောက်ထိုင်စားဖို့ စားပွဲခုံလေးကို ခင်းထားသေးသည်။ စားပွဲပေါ်မှာ စနိူးလက်တပွေ့စာနဲ့ မဆန့်တဲ့ ပန်းစီးကြီး. . .

အဲ့ဒီ့အချိန်မှာပဲ Righteous Brother ဆိုထားတဲ့ Unchained Melody သီချင်းကို ဆိုင်ကခပ်တိုးတိုးလေး ဖွင့်လိုက်ပါတယ်. .

Step-Siblings ဖအေမတူ မအေကွဲ (Completed)Opowieści tętniące życiem. Odkryj je teraz