အပိုင်း (၃၉) ပျားအုံကိုတုတ်နဲ့ထိုးမိခြင်း

17.3K 297 16
                                    

မနက်အစောပိုင်း စနိူးတို့အိမ်ကို မအဲလက်စ်ရောက်လာပါတယ်။

သူ့အထုပ်ပြန်လာယူတာ။ သူ့ကြည့်ရတာ ပင်ပန်းနေသလိုပဲ နေမကောင်းတဲ့ရုပ်၊ အရင်ကထက်တော်တော်ပိန်သွားပြီး ရုပ်လည်းနည်းနည်းရင့်သွားတယ်။

ကိုကိုက အဲ့ပုံကိုကြည့်ပြီး သနားလို့ ကူညီပေးလိုက်တာနေမှာပေါ့. .

စနိူးကတော့ ခပ်တည်တည်ပဲ သူ့အထုပ်ကို ပြန်ပေးလိုက်ပါတယ်။ ပါးစပ်ကတော့ ပြောချင်တာ ယားနေတာပဲ သူများအကိုရဲ့ အဝတ်ထုပ်ထဲကို အားမနာပါးမနာ ဒါမျိုးတွေလာပြီထည့်တာ လူလိုသိပါဆိုပြီးတော့လို့ပေါ့. . .

ဒါပေမယ့် မပြောနေတော့ပါဘူး။ အရင်ကလို ဆောင့်ကြွားကြွားနဲ့ ဘဝင်မြင့်တဲ့အချိုးတွေ မရှိတော့သလိုပဲ

= = = = =

မနက်၉ နာရီလောက်ရောက်တော့ စနိူးနဲ့မေမေတို့ ဆေးရုံကိုဟင်းတွေချက်ပြီးသွားပို့ကြပါတယ်။

အဖေက ဒီနေ့ခွဲရတာလေ. . .၊ စနိူးတို့ တစ်မိသားစုလုံး ခွဲခန်းသွားစောင့်ကြတာပေါ့. . ..

ဆေးရုံမှာ ကိုကိုနဲ့တွေ့တော့ အရင်ကလိုပဲ တစ်ယောက်ကိုတစ်ယောက်ခပ်တန်းတန်းပဲ နေနေကြတာ. .

လူကြီးတွေရှေ့မှာ ဟန်ဆောင်နေရတာလွယ်တယ်မှတ်လို့. . .၊

အဖေခွဲခန်းထဲက ထွက်လာပြီး အခြေအနေကောင်းတယ်ဆိုမှ စနိူးတို့ မိသားစုလည်း စိတ်အေးနိုင်ပါတော့တယ်။

ဒါပေမယ့် မေမေ့ကြည့်ရတာ တမျိုးဖြစ်နေသလိုပဲ. .. ဂဏှာမငြိမ်ဘူး။

မေမေ ဘာတွေကြံစည်နေပြန်တာလဲ

'အကိုကြီးရေ. . .ဂျယ်နီ ပြောစရာလေးတစ်ခုရှိလို့. .'

"အေး ပြောလေ. ."

ကိုကိုကလည်း ဓါတ်ဘူးထဲကို ရေနွေးဖြည့်နေရင်းနဲ့ လှည့်ကြည့်သည်။ ကိုကိုကြည့်တာကိုမြင်တော့ အမေက

'အင်း. .ရပါတယ်. . သိပ်အရေးမကြီးပါဘူး။ ရုံးကအလုပ်ကိစ္စပါ'

မြုံစေ့စေ့နှင့် ဘာမှန်းလည်းမသိဘူး. .

'အကိုကြီးရေ. . .သောကြာနေ့ကျရင် ဂျယ်နီမလာတော့ဘူး. .။ အလုပ်ကိစ္စလေးရှိသေးလို့ပါ'

Step-Siblings ဖအေမတူ မအေကွဲ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin