🎁 Valentine's Special (U)🎁

670 50 91
                                    

(Unicode)

ယနေ့ ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့။ အများကခေါ်သည့် ချစ်သူများနေ့။

ကိုယ့်အချစ်ကို လက်ဆောင်များ၊ ချောကလက်များ၊ ပန်းစည်းများဖြင့် သက်သေထူရသောနေ့ဖြစ်သည်။ ဒီနေ့ကိုရောက်တာနဲ့ ချစ်သူရှိရှိမရှိရှိ သွေးလေမမှန်ချင်သူက ခပ်များများ။ ချစ်သူအဆင့်ကို ကျော်လွန်၍ တရားဝင် အကြင်လင်မယား သို့မဟုတ် စေ့စပ်ကြောင်းလမ်းပြီးသား ဖြစ်သည့်တိုင်အောင် ချစ်သူများနေ့ကို ထိပ်ဆုံးကကျင်းပကြသူများလည်း ရှိသည်။

ဟိန်းတေဇကတော့ ဗယ်လင်တိုင်းနေ့မလာခင် လေးလကြိုတင်ကာ အစီအစဥ်ချထားတတ်သည်။ ကျန်ရှစ်လရဲ့ လေးလကတော့ သူ့ချစ်ဆုံး ပြည်လုံးမွေးနေ့အတွက် ပြင်ဆင်ပြီး နောက်ဆုံးလေးလကတော့ မင်္ဂလာနှစ်ပတ်လည်နေ့အတွက် အိုင်ဒီယာကို အကောင်အထည်ဖော်သည်။ ပြင်ဆင်ချိန်လေးလအတွင်းမှာ အခါနှစ်ဆယ်လောက်ပြောင်းသည်၊ သူပြောင်းတိုင်းလည်း ပြည်လုံးက ရိပ်မိသည်။ ဟိန်းတေဇ အမောမစို့ရအောင် ပြည်လုံးကပဲ မသိချင်ယောင်ဆောင်ပေးရသည်။ ဒီနှစ်လည်း ပြည်လုံး ရင်ခုန်သွားအောင် ရိုမန့်တစ်ဆန်ဆန် စပရိုက်တိုက်ချင်နေသည်။

ကောင်းထက်နိုင်ကတော့ ရှင်းသည်။ နိုးနိုးချင်း ချမ်းရဲ့နဖူးလေးကို အနမ်းပေးကာ "Happy Valentine's Day" လို့ တိုးတိုးလေးပြောသည်။ ချမ်းကလည်း ပြုံးလို့ပေါ့။ ညနေခင်း ကောင်း ကုမ္ပဏီကအပြန် ဝယ်လာတဲ့ ပန်းစည်းလေးကို ပန်းအိုးလေးထဲမှာစိုက်ပြီး ခြံထဲမှာထိုင်ကာ ညနေဆည်းဆာအလှကို ရှုစားလေ့ရှိသည်။

ထိုအချိန် Alexသောင်းတန်မှာတော့ ပျားတုတ်နေကျ။ Sugar Daddy Type ရုပ်အခံကြောင့် တဖြုတ်ဖြုတ်ကြွေဆင်းကြတဲ့ အမည်မဖော်လိုသူ ကောင်လေး၊ ကောင်မလေးများရဲ့ လက်ဆောင်ပစ္စည်းများက ချစ်သူများနေ့ဆို ဝင်လာမစဲ တသဲသဲ။ ဒီလက်ဆောင်များကို ဒိုင်ခံသိမ်းပြီး ရလာသမျှ ချောကလက်များကို စားပို့နင့်မတတ်ထိုင်စားသူက သူ့မဟာBabe မဟော်မင်းမြတ်။ စုံတွဲဝတ်စုံကို ထုတ်ဝတ်ပြရင်း ချော့ရမြူရကြည်နူးရနဲ့ ချစ်သူများနေ့ကို ကျော်ဖြတ်ရသည်။

True Love Eternal UniverseNơi câu chuyện tồn tại. Hãy khám phá bây giờ