{Unicoad}
ချစ်ရတဲ့လူတွေ ဆုံးရှုံးသွားရင် ဘယ်လိုနေမလဲ။
အွင်း~တချို့ကဝမ်းနည်းကြတယ်....ကျေကွဲကြတယ်....တချို့ကြတော့လည်း....အတူတူလိုက်သွားကြတယ်.....အကောင်းနဲ့အဆိုးဆိုရင်.....ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့.....နေသွားဖို့ပေါ့....ဒါမှမင်းချစ်တဲ့လူက....မင်းကိုစိတ်ချပြီး....ဂုဏ်ယူနေတော့မှာ.....အနည်းဆုံးတော့.....ထွက်သွားတဲ့....သူလည်းနောက်ဆံတင်းစရာမလိုတော့ဘူးလေ....အိမ်ကြီးထဲတွင် အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ လူများရှိနေခဲ့သည်။အဖြူရောင်~ ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ်ပေါ့.....ရွှေအနားကွပ်ထားတဲ့ဓါတ်ပုံဘောင်ထဲမှာတော့.....ကမ္ဘာ့ပေါ်မှာအပျော်
ရွှင်ဆုံးလူသားတစ်ယောက်လို...ပြုံးနေတဲ့...ထိုလူဟာ...မြင်သူတိုင်းကို...ပိုဝမ်းနည်းစေသလား.....ကနုတ်များနဲ့သေတ္တာရှည်လေးဘေးမှာတော့....များပြားလှတဲ့ပန်းမျိုးစုံနဲ့ပြည့်နှက်နေသည်။"ကျွန်မတို့လည်းထပ်တူဝမ်းနည်းမိပါတယ်...."
"လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...."
တစ်ယောက်ပြီးတစ်ယောက် ဝင်သွားပေမယ့် အခုထိလူတွေစုံသေးတယ်ဆိုတာ မရှိပါ။အဘိုးက လူမှုရေးကိစ္စတွေ အလှူတန်းကိစ္စတွေမှာ သူကပထမဆုံးလေ အဲ့ဒါကြောင့် လာရောက်ဝမ်းနည်းကြတဲ့လူတွေကမနည်းမနော...Momကတော့ဝမ်းနည်းလို့မဆုံး ဘယ်လောက်တောင် သံယောဇဥ်ကြီးလိုက်သလဲ Momရယ်.... Momကသူနဲ့မတူ သူချစ်ရတဲ့လူတွေအပေါ် သံယောဇဥ်အရမ်းကြီးသည်။သံယောဇဥ်တွယ်တာခြင်းက ကောင်းတဲ့အကျိုးကျေးဇူးမဟုတ်လှ နောက်ဆုံးကိုယ်ပဲခံစားရသည်။ဘေးမှာရှိနေတဲ့ Momရဲ့လက်လေးကို ဆုတ်ကိုင်လိုက်ပြီးဖတ်ထားပေးလိုက်သည်။
"Mom....အဘိုးကသားတို့ကိုချစ်တာသိတယ်မှတ်လား...."
သူပြောတော့ခေါင်းလေးငြိမ့်ရှာသည်။
"အဘိုးသာ...သားတို့ဝမ်းနည်းတာမြင်ရင် ဘယ်လိုစိတ်ချမ်းသာမလဲ Mom....အဘိုးရဲ့နောက်ဆုံးခရီးပို့ပြီးတာနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်နော်....."

YOU ARE READING
Puppet
FanfictionUnicode "ကိုယ့်နာမည်Jake.. ထယ်ပြောတဲ့ဂျွန်ဂျောင်ဂုမဟုတ်ဘူး....ထယ်ဖြစ်စေခြင်ရင်တော့ဖြစ်ပေးမယ်.....ဒါပေမယ့်.....အဲ့လူလိုမျိုးထယ့်အပေါ်မယုတ်ညံ့ဘူး...ကိုယ်ကထယ့်ကိုအမြတ်တ်နိုးထားမှာ....ကိုယ့်ရဲ့အဖိုးတန်လေးထယ်ယောင်း......♡" "ငါသူ့ကိုအရမ်းကြောက်တ...