"Hello ...Hyung လား ခင်ဗျ"
"..."
"ကျနော် ဒီရက်ထဲ အပြည့်အဝ အနားယူလိုက်တာနဲ့
Boxing Training လဲသိပ်မလုပ်ဖြစ်လို့လေ
ဒီနေ့ ပြန်လာ Train ရင် အဆင်ပြေမလားလို့ မေးကြည့်တာ""..."
"ဟုတ်ကဲ့ အဲ့အချိန်ဆို ပိုအဆင်ပြေပါတယ်
ဒါဆို ကျနော် ၉နာရီဝန်းကျင်လောက်လာခဲ့လိုက်ပါမယ်""..."
"ဟုတ်ကဲ့ see you soon Hyung..."
ကျနော့်ရဲ့ ဒီရက်ပိုင်း Schedule အနေနဲ့ကတော့
Qatar World Cup ဖျော်ဖြေပြီးကတည်းက
မိသားစုကို အချိန်ပိုပေးဖြစ်ပြီး
တခါတလေကျတော့ ကျနော်စားချင်နေတဲ့ BBQ တွေကို
တနေ့တမျိုးမရိုးရအောင် မြို့ထဲအနှံ့လိုက်ပတ်စားဖြစ်ပါတယ်
ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကတော့
Tae Hyung အပါအဝင် အခြားသူငယ်ချင်းတွေနဲ့အတူ Hyung ရဲ့အိမ်မှာ video Game အတူဆော့ဖြစ်ကြသေးသည်
အရင်က Schedule အပြည့်နဲ့နေလာခဲ့ရတာကြောင့်ရော
အမြဲအလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ရတာမို့
အခုလို Schedule လဲနည်းပြီး အားလပ်ချိန်မှာတော့
အရင်က plan ဆွဲထားပြီး မလုပ်ဖြစ်သေးတဲ့အရာတွေကို
တစ်ခုချင်းစီလုပ်ဖြစ်နေတယ် ဆိုပါတော့ဗျာ...အခုလည်း မနေ့ညက ARMY တွေနဲ့
စကားမပြောဖြစ်တာ ကြာပြီမလို့ Live လဲလွှင့်
စကားတွေလဲပြော သီချင်းတွေဆိုပြပြီး
Beers တွေလဲ ရေချိန်တော်တော်ကိုက်ခဲ့တာမို့
ဒီနေ့တော့ ပုံမှန်နေ့တွေထက် အိပ်ရာထနောက်ကျသွားခဲ့ခြင်းသာ
ပြီးတော့ မနက်မိုးလင်းခါနီးမှ အိပ်ရာဝင်ခဲ့တာရော
ဘီယာ အရှိန်တွေကြောင့်မို့
ခေါင်းကလဲ ကြည်ကြည်လင်လင်တော့ မဟုတ်ခဲ့
ကံကောင်းစွာနဲ့ ကျနော့်အကိုက အကြောင်းသိမို့ထင်ပါရဲ့
မနက်အစောကတည်းက Bam ကို လာခေါ်ပေးသွားခဲ့တာမို့
Bam အတွက် မနက်စာရော နေ့လည်စာရောက
အဆင်ပြေသွားခဲ့တယ် ဆိုပါတော့ဗျာလောလောဆယ်တော့ မကြည်မလင်ဖြစ်နေတဲ့ကိုယ်ကို
အရင်ဆုံး လန်းဆန်းအောင် လုပ်ရဦးမည်
ကျနော် ပြောသွားတဲ့အထဲ အချစ်ရဲ့အကြောင်းလဲမပါဘူးဆိုပြီး
ထင်ရာမြင်ရာတွေ စွတ်စွဲပြောဆိုတာမျိုးတွေတော့
လက်သင့်မခံပါဘူးနော် ဘာလို့ဆို ကျနော်နဲ့အချစ်ရဲ့ဆက်ဆံရေးက
အိုကေမှာစိုပြေနေတဲ့အပြင် ခင်ဗျားတို့မမြင်နိုင်တဲ့
နားလည်မှုတွေ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေနဲ့သာတည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုဖြစ်နေခဲ့တာမို့
"Fan service" ဆိုတာမျိုးတွေ
"ဒီအတွဲကို ငါတို့ကပြတ်သွားပြီထင်တာ" တို့
"ငါတို့က ship ရုံပဲ ship တာ သူတို့ကတကယ်ကြီးတွဲနေတယ်"
ဆိုပြီး ပြောင်သလိုနောက်သလိုလာလုပ်ရင်
Aanti တွေမကလို့ မင်းကွတ်သီးမတွေဖြစ်နေရင်တောင်
နောက်တစ်ခါဆိုရင်တော့ Ban ပါမယ်ဆိုတဲ့အကြောင်း
ကြုံတုန်းလေး သတိပေးပါရစေ။