Mara-12

1.9K 200 15
                                    


" ရားMin Yuji မင်းဘယ်အချိန်ထိငါ့နောက်ကိုဆက်လိုက်နေအုံးမှာလဲ "

Toilet မှာMin yuji နဲ့ဝင်တိုက်ပြီးကတည်းကသရဲတစေတွေလိုလူနောက်တစ်ကောက်ကောက်လိုက်ခြင်းခံခဲ့ရသည်

နှင်လွှတ်တော့လဲထွက်မသွားသလို လူကြားထဲအော်လွှတ်တာတောင်စပ်ဖြဲဖြဲနဲ့ Taehyungအကျီစကိုကိုင်ထားလျှင်သူလက်လျော့လိုက်ရပြီး

လူအကွယ်မှာဦးJeonတို့ကိုစောင့်ကြည့်နေတဲ့TaehyungအားMinyujiကတစ်ပြန်စောင့်ကြည့်​​ခြင်းခံရတဲ့အခြေအနေကိုရောက်လို့သွားရသည်။

" ကိုကို Tae ဖုန်းလာနေတယ်မလားကိုင်လိုက်အုံးလေ "

အဆက်မပြတ်ခေါ်နေတဲ့ထိုဖုန်းကအတော်ကိုဒုခပေး​လှသည်

အခုအခြေအနေနဲ့ဆိုဦးJeonတို့ထိုင်နေသည့်နေရာကစားပွဲတစ်ဝိုင်းစာသာခြားသည်မို့သူကိုယ်တိုင်တောင်သိပ်ပြီးအသံမထွက်ရဲ

ဦးထုပ်ကိုသာခပ်ငိုက်ငိုက်ဆောင်းထားရင်းဝင်​နေဖုန်းကိုပြန်ချကာ စာနဲ့ဘဲလှမ်းဆဲပေးလိုက်သည် ။

မအေဘေး!

" ကိုကို yujiကိုလည်းကိုကို့ဖုန်းနံပါတ်ပေး "

Park jimin တို့ကိုဖုန်းကတစ်ဆင့်လှမ်းဆဲနေသည့်သူ့ရှေ့အား ဖုန်းလေးထိုးကာဖုန်းနံပါတ်တောင်းလာသည်။

Taehyungမျက်ခုံးနှစ်ဖက်စုကျုံးသွားရင်း လက်ခလယ်နဲ့လက်မကိုသုံးကာနှဖူးကိုနာနာတောက်ချပြစ်လိုက်သည်။

" စိတ်နဲ့လူနဲ့ကပ်စမ်းMin yuji
မဟုတ်လဲရှေ့ကနံရံနဲ့ခေါင်းကိုပြေးစောင့်ပြီးငါ့ဖုန်းနံပါတ်မရနိုင်ဘူးဆိုတဲ့အသိဝင်လာအောင်လုပ်လိုက်"

" ရက်စက်လိုက်တာ တကယ်ရက်စက်လွန်းတယ်ကိုကိုTaeက "

" အေး သိရင်ပြီးတာဘဲ "

အတောက်ခံလိုက်ရလို့နာသွားတဲ့နှဖူးကိုပွတ်ရင်း ဟိုဘက်လှည့်မသွားဘဲTaehyungနားကပ်ကာ တစ်မျိုးလေးစိတ်ကောက်နေပြန်သည် ။

ဘယ်လိုဘဲဆွဲခွာပါစေအုံးတော့ ပြန်ပြန်ကပ်နေတဲ့စူပါဂလူးမအားသူအတော်လေးစိတ်ကုန်နေပြီဖြစ်တယ်

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now