34

3.5K 203 5
                                    

"ဖြန်း....!!"

လွဲရိုက်လိုက်တဲ့အသံက ဖြန်းခနဲမြည်သွားသလို ဘိုရှင်းရဲ့နားပါအူသွားလေတယ်။

မျက်နှာကတစ်ဖက်သို့လည်ထွက်သွားရပြီး ချက်ခြင်းပါးတစ်ဖက်လုံး ထုံထိုင်းသွားရသလို လူကလဲကြမ်းပြင်ပေါ်ပုံလျက်သား...

အိမ်ပြန်ရောက်ခြင်း လာဦးဆိုပြီးအနားခေါ်ကာ ရိုက်လိုက်သည့်မားက ဘယ်တုန်းကမှသူ့အား မ​ရိုက်
ခဲ့ဖူးပေ...

အံ့သြမှင်သက်သွားကာ မားမျက်နှာကိုကြည့်လေတော့ နူတ်ခမ်းကိုတင်းတင်းစေ့ကာ စက်စုပ်စွာကြည့်နေပုံက ဘိုရှင်းရင်ထဲ ထိတ်ခနဲ....

" မား... ဘာလို့..."

" မင်းလိုလူက လူလို့ခေါ်ထိုက်သေးရဲ့လား...။ ငါတို့သွန်သင်ဆုံးမခဲ့တာ အခုလိုလူမဆန်တာတွေလုပ်ဖို့အတွက်လား....။ ဘယ်လိုတောင် သားငယ်အပေါ်မင်းလုပ်ရက်ခဲ့ရတာလဲ။ အလိမ်ညာစကားကိုထမင်းစားရေသောက်ပြောပြီး သားငယ်ကိုအထင်လွဲအောင် ကူလီကူမာလုပ်ခဲ့တာ မင်းနဲနဲမှမရှက်ဘူးလား...။ မင်းကြောင့် မင်းကိုယုံကြည်ခဲ့ပြီး သားငယ်အပေါ် ငါ့ပါးစပ်ကမိခင်မပီသတဲ့စကားတွေထွက်ခဲ့ရတာလဲ။ မင်းကြောင့်... အားလုံးမင်းကြောင့်ပဲ..."

ဝမ်မားက ဘိုရှင်း ရင်ဘတ်တွေကိုထုရိုက်ကာ နာနာကြင်ကြင်အော်ပြောနေပုံက သိပ်ကိုခံစားရနေမှန်းသိသာစွာ...

ဝမ်ပါပါးက မိန်းမဖြစ်သူကို စိတ်လျော့စေရန် ဆွဲကာနှစ်သိမ့်လို့ ဘိုရှင်းအား ခုံမှာထိုင်စေကာ ..

" ဖြေစမ်း... အကြောင်းပြချက်ကဘာလဲ...."

ဘိုရှင်းရင်တွေ ပြုတ်ထွက်မတတ်ကြောက်လန့်ခုန်လူပ်နေခဲ့တယ်။
အခြေနေတွေက ငြိမ်နေတယ်ထင်ခဲ့ပေမဲ့ ဘယ်ကဘယ်လို ဒါတွေသိသွားရတာလဲ...

" ဖြေလေ...!! ပါးစပ်က ကလိမ်ကကျစ်ထွက်ခဲ့သမျှ ခုမှဘာလို့ပိတ်နေတာလဲ...။ မင်းကိုကြွေးမွေးစောင့်ရှောက်သွန်သင်ခဲ့တာ ခုလိုဖြစ်နေဖို့မဟုတ်ဘူးကွ..."

မဖြေပဲ ခေါင်းသာငုံ့ထားတဲ့ ဘိုရှင်းကို ဝမ်ပါးကအားမရစွာအော်ဟစ်တော့တယ်။

ဘိုရှင်းက လက်သီးကိုဆုပ်ကာ အသက်ဝအောင်ရူလိုက်ပြီး ပါးနဲ့မားမျက်နှာကို ကြည့်ကာ...

My boyfriend is cutie Foolish (Complete) Where stories live. Discover now