.....Japan နိုင်ငံ Fukuokaမြို့ရှိ Watanabe စံအိမ်ကြီးသည် အလွန်ကြီးမားကာ ခန့်ညားထည်ဝါလွန်းလှပေသည်။စံအိမ်၏တည်ရှိသောနေရာမှာ တောင်ကုန်းမြင့်ပေါ်တွင်ဖြစ်ပြီး မှန်များနဲ့တည်ဆောက်ထားကာ အလွန်လှပပေသည်။ဘေးပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်ငြိမ်သက်ကာ
တစ်ထီးတစ်နန်း တည်ရှိနေသည်ဟုဆိုရပေမည်ဖြစ်သည်။စံအိမ်၏ပိုင်ရှင်Watanabe သခင်ကြီးသည်စီးပွားရေးလောကတွင် ထိပ်တန်းလုပ်ငန်းရှင်ဖြစ်သည့်အပြင် ဂျပန်နိုင်ငံသာမက
ကိုးရီးယား တရုတ်စသည့် အာရှနိုင်ငံတော်တော်များများတွင် လုပ်ငန်းပေါင်းမြောက်များစွာ ရှိပေသည်။Watanabe
မျိုးရိုးအစဉ်အဆက်သည် အလွန်တရားမှကြီးပွားချမ်းသာသောသူများဖြစ်ကြသည်။........
Watanabeစံအိမ်၏ စာကြည့်ခန်းတွင် သခင်ကြီးသည် စီးပွားရေးဆိုင်ရာစာတမ်းများကို ဖတ်ရှု
နေပေသည်။ထို့စဉ် အခန်းတံခါးခေါက်သံက ထွက်ပေါ်လာပေသည်။“ဒေါက်..ဒေါက်..ဒေါက်”
“သခင်လေးအကြောင်း တင်ပြစရာရှိလို့ပါ သခင်ကြီး”
အပြင်မှ Watanabeစံအိမ်၏လူယုံတော် အာဆာဟီခွန်ရဲ့
အသံကြောင့် သခင်ကြီးလည်း သက်ပြင်းမောကိုချလိုက်ပြီး“ဟုတ်ပြီ..ဝင်လာခဲ့ပါ..”
“ဟုတ်ကဲ့”
ဟာမာဒ အာဆာဟီသည် သခင်ကြီး၏ အားထားယုံကြည်ရဆုံး လူယုံဖြစ်ရုံသာမက ဆွေမျိုးနီးပါးလည်း တော်စပ်ပေသည်။အသက်အရွယ်အားဖြင့်လည်း နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပေမဲ့ အလွန်တည်ငြိမ်ကာ စည်းစနစ်ရှိသည့် လူတော်တစ်ယောက်ပင်ဖြစ်သည်။
“ကဲ..ပြောစမ်းပါအုံး...သူ့အကြောင်းဘာတွေများ သတင်းရလာသလည်း...ဆာဟီ”
သခင်ကြီးရှေ့တွင် လက်နောက်ပစ်ကာရပ်လိုက်ပြီး အရိုအသေပေးကာ
“ဟုတ်ကဲ့..သခင်လေးက အခုSeoulမြို့ရဲ့ Leon motel တစ်ခုမှာ တည်းခိုနေတယ်လို့သိရပါတယ်”
“ဘာ..ဟိုတယ်တောင်မဟုဘူး..မိုတယ်တဲ့လား..သေချာလား.ဒီသတင်း”
အာဆာဟိလည်း ခေါင်းငြိမ့်လိုက်ကာ

YOU ARE READING
"HaJun"
Random"အကြည့်တစ်ချက်နဲ့တင် ကျနော့်နှလုံးသားတစ်ခုလုံးက ဟာရုတိုဆိုတဲ့ သက်ရှိလေးဆီမှာ နစ်ဝင်သွားခဲ့လိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါဗျာ"🦋🐨