ဆိုးလ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရှိ "sunflower"Coffee ဆိုင်လေးသည် မနက်အစောကြီးတွင်ပင် လူအတော်များများ ထိုင်ကာစားသောက်နေကြပေသည်။ဆိုင်၏အပြင်အဆင်ကလည်း အတော်သပ်ရပ်သည်။ဆိုင်ထဲဝယ် စာအုပ်စင်လေးများနှင့်kpop gpတွေရဲ့album အတော်များများလည်းထားရှိသည်။ဆိုင်အတွင်းပိုင်းအား အပြာနုရောင်သုံးကာ ဆေးခြယ်ထားသလို အပြင်ပိုင်းကိုတော့ လိမ္မော်ရောင် ဆေးသုတ်ထားသောကြောင့် အဝေးကလှမ်းကြည့်လျှင်ပင်
မျက်စိအေးစေသည့် ဆိုင်လေးဖြစ်သည်။ထိုဆိုင်ပိုင်ရှင်သည် အလွန်လှပသောသက်လတ်ပိုင်းမိန်းမပျိုတစ်ယောက်
ဖြစ်သည့် ကင်မ်ဂျီဟိုပင်ဖြစ်သည်။သူမသည် အလွန်စိတ်သဘောထားလှသကဲ့သို့ ရုပ်ရည်ကလည်းအင်မတန် ပြေပြစ်ချောမောသည်။သူမတွင်
သူမကဲ့သို့ အင်မတန်ချစ်စရာကောင်းသော မောင်လေးတစ်ယောက်ရှိပေသည်။ ထိုသူကား ကင်မ်ဂျွန်ကယူပင် ဖြစ်သည်။.............................
"Sunflower" coffeeဆိုင်၏အတွင်းဘက် အခန်းတစ်ခု၌ ကယူတစ်ယောက် အမဖြစ်သူ ဂျီဟိုအား
ကျောင်းပိတ်ရက် သူငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်ရန် မုန့်ဖိုးတောင်းနေခြင်းဖြစ်သည်။"won 1000တည်းပါ မမရာ...နော်..နော်လို့"
ဂျီဟိုတစ်ယောက် မောင်ငယ်လေးရဲ့နှုတ်ခမ်းလေးဆူပြီး
ချွဲကာ မုန့်ဖိုးတောင်းနေပုံကိုကြည့်ကာ အသည်းယားလို့မဆုံး..
*ဒီကလေးဟာလေ ..အသက်ကသာကြီးလာမယ် ..ခေါင်းအစခြေအဆုံး ချစ်ဖို့ကောင်းနေမှုက ဘယ်အမမျိုးက မုန့်ဖိုးမပေးပဲနေနိုင်ပါတော့မလည်းနော်*"နော်လို့မမ..သားအဲ့ကားအရမ်းကြည့်ချင်နေလို့ပါဗျာ.နော်လို့"
"အမလေး ကိုချွဲစိန်လေးရေ..ဝမ်၁၀၀၀မဟုဘူး ရော့ဝမ်၁၀၀၀၀ယူသွား""ရေးးး ဒါမှတို့မမကွ"
"Kyleနဲ့သေချာသွားနော် ကယူရေ"
"ဟုတ်မမ..တာ့တာ"
အမဖြစ်သူအား လက်နှစ်ဖက်ဝှေ့ရမ်းပြကာ ပျော်ရွှင်စွာထွက်သွားသော ကလေးငယ်သည် ဂျီဟိုတို့မိသားစု၏ အသည်းအသက်လေးပင်။
...............
At Wednesday Cinemaကယူနဲ့ ကိုင်းလ်တို့နှစ်ယောက် ရုပ်ရှင်ရုံ၏ ခြောက်ခုံတန်းမြောက်တွင် ရုပ်ရှင်ထိုင်ကြည့်နေကြခြင်းဖြစ်သည်။ ကိုင်းလ်ကတော့ စိတ်ဝင်တစားကြည့်နေပေမဲ့ ကယူကတော့ ဘယ်လက်က
ချောကလက်အအေးနဲ့ ညာဘက်က ပေါက်ပေါက်ဘူးကြီးကိုကိုင်ကာ စားလိုက်သောက်လိုက်
ရုပ်ရှင်လေးကြည့်လိုက် အေးအေးလူလူပင်။စားကောင်းကောင်းနဲ့စားနေတာ လက်ထဲကအအေးဘူးကလည်း ပြောင်ပြီဖြစ်သည်။

YOU ARE READING
"HaJun"
Random"အကြည့်တစ်ချက်နဲ့တင် ကျနော့်နှလုံးသားတစ်ခုလုံးက ဟာရုတိုဆိုတဲ့ သက်ရှိလေးဆီမှာ နစ်ဝင်သွားခဲ့လိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါဗျာ"🦋🐨