"Rukyu"🍀1

171 23 2
                                    

"ဝေါ”
”ဝေါ....ဝေါ”

မှောင်မိုက်လွန်းတဲ့ ညတစ်ညမှာ မိုးများကလည်းသည်းကြီးမည်းကြီး ရွာလို့နေသည်..ထိုစဉ် ဟူဒီအဖြူရောင်လေးနဲ့ ကောင်လေးတစ်ယောက်သည် ထီးအကြည်လေးဆောင်း၍
busကားမှတ်တိုင်တစ်ခုတွင် ရပ်ကာ သူစီးရမဲ့busမလာသေး၍ရပ်ကာစောင့်နေလေသည်။
...........................

ဂျွန်ဂယူတစ်ယောက်..သူငယ်ချင်း ကိုင်းတို့အိမ်မှ စာအတူလုပ်၍ ပြန်လာခြင်းဖြစ်သည်။ကိုင်းက လိုက်ပို့မည်ပြောသော်လည်း ပြန်နေကျလမ်းဖြစ်တာကတစ်ကြောင်း ကိုင်းကနေမကောင်းတာမို့ ကိုယ့်ဘာသာပဲ ပြန်လာခဲ့ခြင်းဖြစ်သည်။ဂယူတစ်ယောက် ကိုင်းအိမ်ကိုသွားစဉ်က မိုးမရွာသေးပေ။ ဒီတိုင်းbusစီးပြီး သွားမယ်လုပ်ပေမယ့် ဂယူ့ရဲ့အမေ ဟာနာက ထီးအတင်းထည့်ပေးလိုက်ခြင်းဖြစ်သည်။

"ဟူး..တော်သေးတာပေါ့..အိုမားက ထီးယူသွားခိုင်းလို့
မဟုတ်ရင် ငါလေးမိုးရေချိုးနေရပြီ”

ဂယူလည်းbusမလာသေး၍စောင့်နေတာအတော်ကြာပြီ။ကိုင်းဆိုသည်က ဂယူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ငယ်ကတည်းကလည်ပင်းဖက် ပေါင်းလာတာတော့မဟုတ်
ဂယူကကိုင်းထက် ၂နှစ်ကြီးသည်။ ငယ်ငယ်ကခနခန ကျန်းမာရေးကြောင့် ကျောင်းနားထားရာမှ ပြန်တက်တော့kyleနဲ့အတန်းတူသွားခြင်းပင်။Kyleတို့အိမ်က ဂယူတို့အိမ်နဲ့ busကားတစ်မှတ်တိုင် စီးရသည်။Kyleကအဖျားကြောင့်ကျောင်းသုံးရက်ပျက်ထားသဖြင့် ဂယူ့ဆီက စာပြန်ကူးရင်း ဂယူက စာပြန်ရှင်းပြရသည်။
စာတွေအကုန်ကူးလို့ပြီးတော့ ညနေခြောက်နာရီခွဲဖြစ်သည်။
busကား မှတ်တိုင်ရောက်ခါနီးမှ ကိုရွှေမိုးကအသည်းအသန်ရွာချခြင်းပင်။မိုးကမရပ်မနား ပိုပိုသည်းလာခြင်း။ ဂျွန်ဂယူတစ်ယောက်စိတ်မရှည်တော့ပေ။သူရပ်စောင့် နေတာအတော်ကြာပြီဖြစ်သည်။

“busကလည်း ဘာလို့ကြာနေပါလိမ့်..ဒီနေ့ကျမှ
မိုးကလည်း.ပိုပိုသည်းလာပြီ အိုမားနဲ့ မမတော့ ငါ့ကိုစိတ်ပူနေတော့မှာပဲ...”

ကယူစိတ်တိုတိုနဲ့ busကိုမေတ္တာပို့နေစဉ် ခပ်လှမ်းလှမ်းကနေ သူ့ဆီလာနေတဲ့ ကောင်လေးတစ်ယောက် ကိုတွေ့လိုက်သည်။

"HaJun"Where stories live. Discover now