ထပ်မရောက်ချင်မိတဲ့တစ်ခုတည်းသောနေ့ဟာ တစ်ဖန်ပြန်လည်ရောက်လာခဲ့ပြန်ပြီ။
Valentine Dayဟုတ်သည် အရင်နှစ်က ဒီလိုနေ့မှာ အဖြစ်ဆိုးတစ်ခုနှင့် ဟိုဆော့ကြုံခဲ့ရသည်။
ကိုယ်အနှစ်နှစ်အလလသဘောကျခဲ့သည့်သူမအား ဟိုဆော့ဖွင့်ပြောမည့်နေ့ဟာ ချစ်သူများနေ့ဆိုတဲ့ Valentine Dayဖြစ်သည်။
သူမနှင့်ဟိုဆော့ကအထက်တန်းကတည်းကသူငယ်ချင်းဖြစ်ခဲ့ကြပြီး အထက်တန်းကတည်းကစလို့ ယခုကျောင်းပြီးသည်အထိပင်သဘောကျနေဆဲ..။
ဟိုဆော့သူမပေါ်ထားတဲ့အချစ်တွေကိုသူမ မြင်လားမမြင်လားတော့ သေချာမသိပါ ဘေးကသူတွေကတော့ ဟိုဆော့ရဲ့အချစ်တွေကိုမြင်ကောင်းမြင်နိုင်ပေမယ့် ထိုအထဲတွင်သူမ မပါခဲ့ဟုပြောရမည်။
ဒီနေ့ချစ်သူများနေ့မှာတော့ သူမကိုဖွင့်ပြောတော့မည်ဟု ဟိုဆော့စဉ်းစားထားသည်။
သူမနှင့်ကယခုတိုင်ထိအဆက်အသွယ်လုပ်ဖြစ်နေဆဲပေမယ့် သူငယ်ချင်းကနေမတတ်သည်မှာ ဟိုဆော့ဘဲညံ့လို့လား သူမဘဲဟိုဆော့အချစ်တွေကိုမမြင်ချင်ယောင်ဆောင်လို့လားမသိ..။
" ယူမီ.. ငါနင့်ကိုပြောစရာရှိလို့ Hopeဆိုတဲ့ကော်ဖီဆိုင်ကိုလာလို့ရမလား.."
ဟိုဆော့ ယူမီဆိုသည့်သူမအား မက်ဆေ့ဂ်ျတစ်စောင်ကိုတုန်ရီနေသောလက်ဖြင့်ရိုက်ကာ ပို့လိုက်သည်..။
" အင်း.. ငါလည်းနင့်ကိုပြောစရာရှိတယ်ဟိုဆော့.."
သူ့ကိုစာပြန်လာတဲ့မက်ဆေ့ဂ်ျအားဖတ်ကာ ဟိုဆော့ကြိတ်ပျော်မိသည်။ ယူမီလည်း သူ့လိုဘဲကိုယ့်အပေါ်ခံစားချက်ရှိနေသည်ဟုပင်ထင်လိုက်မိသေး၏။
" အင်း ဒါဆိုခနနေ ကော်ဖီဆိုင်မှာတွေ့မယ် ယူမီ.."
" အိုကေဟိုဆော့ ခနနေတွေ့မယ်"
ယူမီရဲ့ပြန်စာမက်ဆေ့ဂ်ျကိုဖတ်အပြီး ခနနေတွေ့တဲ့အခါကြည့်ကောင်းနေစေဖို့အတွက် ရေမိုးချိုးပြီးပြင်ဆင်ကာ အိမ်မှထွက်လာခဲ့သည်။
တွေ့ရမယ့်အချိန်က နောက်နာရီဝက်မှဆိုပေမယ့် ကိုယ်ကယောင်္ကျားလေးဖြစ်တဲ့အတွက် မိန်းကလေးထက်ကြိုပြီးစောရောက်သင့်နေတယ်မလား။