(Unicode)
ကြီးမာကျယ်ပြန့်တဲ့အိပ်ယာပေါ်မှာ ကုတင်ခေါင်းရင်းကိုမှီထိုင်ရင်း ရှောင်းကျန့်တစ်ယောက် ကာတွန်းကားကြည့်ပြီး ကလေးတစ်ယောက်လို့ အားရပါရးရယ်နေတယ်
အစိမ်းနုရောင် အိပ်ယာထက်မှာ ယုန်ရုပ်လေးပိုက်ပြီး I pad ထဲကကာကွန်းတွေတစ်ကားပြီးတစ်ကားကြည့်နေတဲ့ရှောင်းကျန့်က အသက် 20အရွယ် ဒုတိယနှစ်ကျောင်းသားလို့ ထင်ရက်စရာကိုမရှိဘူး ဖြူဖွေးနေတဲ့အသားရည်နဲ့သေးသွယ်လှပတဲ့ ခန္ဓကိုယ်က သူ့ကို 5နှစ်သားလေးနဲ့ပိုတူစေတယ်ရှောင်းကျန့်ရဲ့မိဘနှစ်ပါးကရှောင်းကျန့် 7နှစ်သားအရွယ်မှာပဲ ကား Accident ဖြစ်ပြီးဆုံးသွားတာကြောင့် အဒေါ်ဖြစ်သူရဲ့လက်ပေါ်မှာသာကြီးပြင်းလာခဲ့ရတယ် ရှောင်းကျန့်မိဘတွေထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းနဲ့အမွေတွေကသူတို့တူရီးနှစ်ယောက်ကိုချမ်းချမ်းသာသာနေနိုင်ပေမယ့် လောင်းကစားဆို ကြိုက်လွန်တဲ့ရှောင်းမေလီကြောင့် ရှောင်းကျန့်ရဲ့အမွေတွေကလုံးပါး ပါးလာခဲ့တယ် နောက်ဆုံးဒီတိုင်းကြည့်မနေနိုင်တော့တဲ့ ရှောင်းကျန့်မိဘတွေရဲ့လူယုံဖြစ်တဲ့ ရန်ကျိုးကရှောင်းကျန့်မိဘတွေရဲ့စီပွားရေးကိုပြန်လည်ထိန်းချုပ်ပေးလိုက်မှာသာ ပြန်အဆင်ပြေလာခဲ့တာဖြစ်တယ် ဒါပေမယ့်လောင်းကစားဆိုကြိုက်လွန်တဲ့ ရှောင်းမေလီကြောင့် ရှောင်းအိမ်တော်မှာ ဖဲဝိုင်းကနေ့စဉ်မပြတ်ရှိတယ် ရှောင်းမေလီကလောင်းကစားမက်တာကလွဲလို့ ငယ်ငယ်လေးထဲကသူ့ကိုအရမ်းချစ်တာကိုသိတာကြောင့် ရှောင်းမေလီလောင်းကစားလုပ်တဲ့အပေါ်မှာရှောင်းကျန့်ကတစ်ခါမှတောင်အပြစ်မမြင်ခဲ့ဖူးဘူး
ရှောင်းကျန့်က အထက်တန်းစတက်တဲ့နှစ်ထဲက အဆောင်မှာပဲနေရင်းကျောင်းတက်တာဖြစ်ပြီးကျောင်းပိတ်ရက်တွေမှသာအိမ်ပြန်နေတာဖြစ်တယ် ခုလဲဒုတိယနှစ်အတွက်နောက်ဆုံးစားမေးပွဲဖြေပြီး ကျောင်းပိတ်ရက်ရတာကြောင့် အိမ်မှပြန်နားနေတာဖြစ်တယ်
ကာတွန်းကားထဲပဲအာရုံရောက်နေတဲ့ရှောင်းကျန့်က သူအခန်းတံခါးပွင့်နေတယ်ဆိုတာကိုလဲသတိမတားမိသလို အခန်းဝကနေတစ်စုံတစ်ယောက်ကသူကိုကြည့်နေတာကိုလဲသတိမထားမိဘူး
YOU ARE READING
ʙᴊʏx ᴏɴᴇ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ
Fanfictionစိတ်ကူးရရင် ရသလို့ YiZhan One Short တွေရေးပြီး ဒီမှာစုတင်သွားမှာပါ အများအားဖြင့် One Short ရေးဖို့ပဲစိတ်ကူးမိတာများလို့ BJYX Collection ဆိုပြီး ဖန်းတီလ်ိုက်တာပါ မင်းတို့လေးတွေသဘောကြမယ်လိုမျှော်လင့်ပါတယ် ♡. 14.2.2023