Lost Memories

1.1K 55 0
                                    

(Unicode)

တစ်ရက်မှာတော့ သူကဆေးရုံးကနေနိုးထလာရပြီး သူ့ဦးနှောက်ကလည်းဘာကိုမှမှတ်မိခြင်းမရှိတော့ဘူး သူ့ခန္ဓာကိုယ်ကအကောင်းတိုင်းရှိနေပေမယ့် သူဦးခေါင်းကဒဏ်ရာကြီးကြီးမာမာရသွားတာကြောင့် အကောင်းတိုင်းမဟုတ်တော့ပဲ အတိတ်မေ့သွားတယ်တဲ့ အဲ့တာကယာယီအတိတ်မေ့တာလည်းဖြစ်နိုင်သလို တစ်သက်လုံးလည်းအတိတ်မေ့သွားနိုင်တယ်လို ဆရာဝန်ကပြောတယ်

သူကိုကူညီခဲ့တဲ့ doctor အစ်မရဲ့ပြောပြချက်အရတော့ သူ့အသက်က 26နှစ်ဖြစ်ပြီး သူ့နာမည်ကရှောင်းကျန့်တဲ့ သူကိုဒဏ်ရာတွေနဲ့လမ်းမှာလဲနေတာတွေ့လို သူမကဆေးရုံကိုခေါ်လာပေးခြင်းဖြစ်ပြီး သူသတိမေ့နေသည်မှာ 1လကျော်ပြီးတဲ့ ရှောင်းကျန့်က doctorအစ်မ ပြောပြတဲ့ သူရဲ့အကြောင်းတွေကိုငြိမ်ငြိမ်‌လေးနားထောင်နေရင်း doctor အစ်မစီကထပ်သိလိုက်ရတဲ့အကြောင်းအရာတွေကြောင့် သူကမ္ဘာကြီးကပြောင်းလဲသွားသလိုခံစားခိုက်ရတယ်

"ပြောရမှာစိတ်မကောင်းပေမယ့် မပြောမဖြစ်ဆိုတော့လည်းပြောပြရမှာပဲ လက်ရှိမင်းမိဘတွေကထောင်ကျနေတယ်"

"ဟင်!!"

doctorအစ်မရဲ့စကားအဆုံး‌ ရှောင်းကျန့်ကပါးစပ်အဟောင်းသားနဲ့ ဆွံ့အ သွားရတယ် ဘုရားရေ သူ့မိဘကရာဇ၀တ်ကောင်ဖြစ်ပြီး သူကရာဇ၀တ်ကောင်ရဲ့သားတဲ့လား

"မင်းကိုလာကြိုမယ့် မိသားစုလည်းမရှိသလို သူငယ်ချင်းလည်းမရှိလောက်ဘူး မင်းကိုယ်မင်းဂရိုစိုက်ပါ"

"ကျွန်တော်ကဘယ်လိုလုပ်ရမှာလဲဟင် ကျွန်တော်နာမည်တောင်ကျွန်တော်ကောင်းကောင်းမမှတ်မိသေးတာ"

သူကိုယ့်သူရာဇ၀တ်ကောင်ရဲ့သားဖြစ်လို့ စိတ်အခြေနေဆိုးနေရတဲ့အချိန်မှာပဲ သူကျမ်းမားရေကပြန်ကောင်းမွန်သွားပြီးဖြစ်တာကြောင့် ဆေးရုံကဆင်းနိုင်ပြီဖြစ်ကြောင်း doctor အစ်မကထပ်ပြောလာတယ်

"နောက်ထပ်စစ်ဆေးချက်အရတော့ ‌မင်းခန္ဓာကိုယ်ကဒဏ်ရာရော ဦးနှောက်ဒဏ်ရာရောကပါ ကောင်းနေပါပြီး တဖြည်းဖြည်းချင်းလည်းမင်းအတိတ်ကိုပြန်မှတ်မိလာနိုင်ပါတယ် ဒါကမင်းရဲ့ပစ္စည်းတွေပါ မင်းအတွက် taxiလည်းငှားထားပေးပြီးပါပြီး နောက်ထပ်ကံကောင်းမှုတွေပဲရှိလာပါစေလိုဆုတောင်းပေးရင် နှုတ်ဆက်ပါတယ်ကောင်လေး"

ʙᴊʏx ᴏɴᴇ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ Where stories live. Discover now