အပိုင်း(၂)

131 12 5
                                    

ကျွန်တော်သူ့ကိုမချစ်တော့ဘူး။ အပိုင်း(၂)

ဇူလိုင်လဖြစ်သည့်အလျောက် မိုးသည်တိတ်သွားခြင်းမရှိပေ။မိုးရွာလျှင် ထက်မြတ်သည် ကျောင်းမသွားချင်ပေ ၊ ထို့ကြောင့် ဗိုက်အောင့်သည်ဟုအကြောင်းပြကာ ကျောင်းမသွားပဲ အိမ်၌သာနေသည်။

နေ့လည် နေ့ခင်းဆိုလျှင် မေမေသည်တစ်ရေးတစ်မောအိပ်သည့်အတွက် ကျောင်းမသွားသောထက်မြတ်မှာ နေ့လည်ဆိုင်စောင့်ပေးပါသည်။

ထိုစဉ်မှာ ဆိုင်ထဲသို့ထက်မြတ်တိတ်တခိုးသဘောကျနေသော မျက်ဝန်းညိုညိုနှင့်ကိုကြီးဝင်လာလေသည်

"ညီ  ကိုယ့်ကို‌ခြင်ဆေးခွေတစ်ဘူးလောက်"

ကိုကြီးသည် အမြဲပြုံးနေတက်သည်။
ကိုကြီးထံတွင်အပြံးချိုချိုကလေးများရှိသည်။

"ဟုတ် ဟုတ်ကဲ့ကိုကြီး"

ကျွန်တော်သည် ကိုကြီးရှေ့တွင်အယောင်ယောင်အမှားမှားရယ်ဖြင့်သာ ခြင်ဆေးခွေကိုရှာနေသည်။ကျွန်တော့်၏လှုပ်ရှားမှုးကြောင့် အိပ်နေသောမေမေနိုးလာပြီး

"သားကြီး ဘာရှာနေတာလဲ"

"ဟို ခြင်ဆေးခွေမေမေ"

မေမေသည် သူ၏ဆံပင်ကိုသေချာပြန်စည်းရင်

"ခြင်ဆေးခွေက စင်ရဲ့ဒုတိယအထပ်မှာလေ"

ထက်မြတ်စင်၏ဒုတိယအထပ်သို့လှမ်းကြည့်လိုက်သောအခါ ခြင်ဆေးခွေဘူး‌တွေကိုတွေ့လိုက်ရသည်။

ထက်မြတ်ထိုခြင်ဆေးခွေ‌ဘူးတွေထဲကမှ တစ်ဘူးယူကာကိုကြီးကိုပေးလိုက်သည်။

"အော် ဆန်ဆိုင်ကသားလေးပဲ"

"ဟုတ်ကဲ့ဗျ"

ကိုကြီးသည်သူ၏မူပိုင် အပြုံးချိုချိုကလေးနှင့်သွားစွယ်လေးများပေါ်ကာ မေမေ့ကိုရယ်ပြလေသည်။

"သားလေး အကူညီလိုရင်ပြောနော် "

"ဟုတ်ကဲ့ပါ အန်တီ"

"အို...အန်တီခေါ်မနေပါနဲ့ ထက်မြတ်ရဲ့သူငယ်ချင်းတွေခေါ်သလို မေမေပဲခေါ်ပေါ့ ၊ ထက်မြတ်လေးကိုလည်းစောင့်ရှောက်ပေးပါအုန်းသားရယ်"

ကျွန်တော် သူ့ကိုမချစ်တော့ဘူး။Where stories live. Discover now