Unicode
ကျွန်တော်သူ့ကိုမချစ်တော့ဘူး အပိုင်း(၄)
ထက်မြတ်နှင့်ကိုကြီးရဲ့ခင်မင်မှုဟာ ကြာရှည်လှသောအချိန်ကာလတစ်ခုကိုရောက်လာခဲ့သည်။
ကိုကြီးဟာ ထက်မြတ်နှင့်ခင်နေစဉ်အတွင်း ထက်မြတ်နှင့်ရွယ်တူကောင်မလေးတွေကိုရော ထက်မြတ်ထက်ကြီးသည့်ကောင်မလေးတွေရော တွဲဖူးပါသည်။
သို့သော် ကိုကြီးသည်ထက်မြတ်၏အချစ်ကိုမမြင်ခဲ့ပါ၊မမြင်ခဲ့သည်လား မမြင်ချင်ယောင်ဆောင်ခဲ့သည်လားဆိုတာကိုကြီးကိုယ်တိုင်သာသိပါလိမ့်မည်။
🎼 ကျောင်းသွားကျောင်းပြန် အချိန်မှအမြဲစောင့်လို့ကြည့်သည် ။
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်။
သူ့အပြုံးလေးများမြင်ရင် အပျော်လွန်ပြီးအိပ်မရတော့ပြီ
သိပ်ချစ်တဲ့အကြောင်းကို ကဗျာတွေရေးမည်
နေရိပ်မိုးတဲ့ထီးနီနီ နေရာခဏလဲချင်သည်
ကြင်နာသူလေးအေးမြဖို့ကိုယ်ကြိုးစားမည်
ရင်မှာသည်လောက်ချစ်ပါသည်
ဒါကိုသူလည်းသိနေပြီ
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်....🎼
“တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည်”ဆိုတဲ့
ထူးအိမ်သင်ရဲ့ သီချင်းစာသားနားလေးရောက်တိုင်း
ပျော်ရသလိုဝမ်းနည်းရသလိုခံစားရတယ်…
တစ်နေ့နေ့ဆိုတာကိုယုံလား
အဲ့ဒီနေ့ကရော
ဘယ်အချိန်ဘယ်ကာလအထိကြာမလဲ…
စောင့်နေရမှာလား
ဒါမှာမဟုတ်
တိုးလာလိုက်ရမလား
ကိုယ်ဆီရောတည့်တည့်လေး
ရောက်လာမှာလား
မသေချာပေမယ့်သူကိုယ်ဆီရောက်လာမယ်
တစ်နေ့နေ့ဆိုတာလေးကိုမျှော်လင့်ချင်တယ်
စောင့်နေချင်တယ်....။-ခက်နှောင်
"ထက်မြတ်ရေ "
ထက်မြတ် ရေဒီယိုမှလာသော သီချင်းလေးကိုနားထောင်နေရင်းအိမ်အောက်ထပ်မှ မေမေရဲ့ခေါ်သံကြားတာကြောင့်ပြေးဆင်းလာခဲ့သည်။
YOU ARE READING
ကျွန်တော် သူ့ကိုမချစ်တော့ဘူး။
Novela Juvenilကျွန်တော် ခင်များကို ဘယ်လောက်ချစ်ကြောင်း ခင်များ နားလည်လာတဲ့တစ်နေ့ သေချာပေါက် ဝမ်းနည်းမိမှာပါ ။ ထက်မြတ်ငြိမ်းချမ်း + ကောင်းဆက်ပိုင် rebirth အမျိုးအစားလေးပါ။(≧▽≦)