အပိုင်း(၃)

180 12 6
                                    

ကျွန်တော်သူ့ကိုမချစ်တော့ဘူး ။ အပိုင်း(၃)

ထက်မြတ်တို့ကျောင်းသည် နေ့လည် 12:00ဆိုလျှင်ကျောင်းပြန်ဆင်းပြီဖြစ်သည်။ညနေပိုင်းမှ အတန်းငယ်လေးများတက်ရသည်။ထက်မြတ်တို့ကျောင်းပြန်ဆင်းပြီးလျှင် ကျူရှင်သို့ဝင်ရသည်။

ကျုရှင်သည် ၁နာရီမှ ၃နာရီထိတစ်ကြိမ် ထိုတစ်ကြိမ်ပြီးလျှင် နာရီဝက်မျှနားခွင့်ရှိပြီး ၃:၃၀မှစ၍ ၅:၀၀ထိတစ်ကြိမ်ပြန်သင်ပါသည်။

ယခုအချိန်သည် ၁:၀၀မှ၃:၀၀ အတန်းသင်ပြီးလို့ ခေတ္တနားရသည့်အချိန်ဖြစ်သည်။ထက်မြတ်နှင့်သူငယ်ချင်းလေးတွေသည် နားရသည့်အချိန်ကိုအပြည့်အဝအသုံးချကာ စကားများနေကြသည်။ထိုစဉ်မှာ

"ထက်မြတ်ငြိမ်ချမ်း"

ထက်မြတ်တို့၏ကျုရှင်မှ ကောင်မလေးတစ်ယောက်ကလာ၍ခေါ်လေတော့

"အေး ပြောလေ"

"ကျုရှင်ရှေ့မှာကိုကြီးတစ်ယောက်ကနင်နဲ့တွေ့ချင်လို့တဲ့"

ထိုကောင်မလေးစကားဆုံးသောအခါ ထက်မြတ်၏ရင်အစုံသည် ဒိန်းခနဲဖြစ်သွားလေသည်။ကိုကြီးများလားဟူသည့်အတွေးကြောင့် ခြေတွေလက်တွေပါတုန်ချင်လာသည်။

"ဟဲ့ ထက်မြတ် သွားလေ
နင့်ကိုကြီးထင်တယ်။"

ချိုချိုသည် ထိုသို့ပြောပြီး ကျုရှင်ရှေ့သို့တွန်းလွှတ်ပါသည်။

ထက်မြတ်ကျုရှင်ရှေ့သို့ရောက်သွားသောအခါ ထက်မြတ်ကိုကြီးကိုစတွေ့တုန်းကစီးသည့်စက်ဘီးလေးဖြင့် ကျုရှင်ရှေ့၌စောင့်နေလေသည်။

"ထက်မြတ် "

ကိုကြီးသည် ထက်မြတ်ကိုပြုံး၍လှမ်းခေါ်သည်။
မပြုံးလိုက်ပါနဲ့ကိုကြီး
ကျုရှင်ထဲ၌ကောင်မလေးတွေအများကြီးရှိသောကြောင့် ကိုကြီးအပြုံးချိုချိုလေးကိုသူတို့ကိုမမြင်စေချင်ပါ။

"ကိုကြီး အဆင်ပြေရဲ့လား"

"အင်း ပြေတယ်ထက်မြတ်၊ ကိုယ်နောက်အပတ်ဆိုအလုပ်သွားရတော့မယ်။"

"အော်...."

ထက်မြတ်၏ကြည်လင်သောမျက်လုံးတောက်တောက်လေးများသည်တစ်ဟုန်ချင်းပျောက်ကွယ်သွားသည်။

ကျွန်တော် သူ့ကိုမချစ်တော့ဘူး။Where stories live. Discover now