၁-သက်ဆိုးမရှည်တဲ့ ဇာတ်လိုက်ရဲ့ လရောင်ဖြူလေး
စန်းယွမ်ယွမ်သည် သူမသည် သမိုင်းတွင် အသက်အတိုဆုံး ကူးပြောင်းသူတစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားရသည်။
အခြားအမြောက်စာ ဇာတ်ကောင်များသည်ပင် အနည်းဆုံး ဝတ္ထု၏ တစ်ဝက် သို့မဟုတ် တစ်အုပ်လုံးနီးပါး အသက်ရှင်နေနိုင်သေးပြီး သူမသည်တော့ ကူးပြောင်းသွားသော ဝတ္ထုစာအုပ်၏ ပထမဆုံး အဖြူရောင်စာမျက်နှာတွင် ဤသို့ရေးသားခြင်းခံရသည်–
[စန်းယွမ်ယွမ် သေဆုံးခဲ့သည်။]
ယခုအချိန်တွင် သူမသည် အလွန်သက်သောင့်သက်သာရှိသော မွေ့ယာပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာဖြင့် လဲလျောင်းရင်း သေခြင်းတရားအား စောင့်ဆိုင်းနေသည်။
သူမလဲလျောင်းနေသော ကုတင်ကို ရောင်စုံသလင်းခဲများဖြင့် အလှဆင်ထားသော ပိတ်ကျဲကန့်လန့်ကာတစ်ခုဖြင့် ဖုံးအုပ်ထားပြီး အလွန်လှပသော ခရစ်စတယ်ကြိုးများကလည်း လေထဲတွင် တွဲလောင်းကျလျက်ရှိသည်။ ကန့်လန့်ကာ၏ ခေါင်မိုးတွင် ကျောက်စိမ်းခေါင်းလောင်းလေးများ အစိအရီရှိနေပြီး ရံဖန်ရံခါ ချိုသာသော ခေါင်းလောင်းသံလေးများအား ထုတ်လွတ်ပေးလျက်ရှိသည်။
ကန့်လန့်ကာ၏ အပြက်ဘက်တွင် ရွှေရောင်အလင်းတန်း တစ်ခု ခေါက်တုံ့ခေါက်ပြန် ရှိနေပြီး ထိုအရာက အမျိုးသမီးတစ်ယောက်၏ ပုံသဏ္ဍာန်ရှိသည်။
စန်းယွမ်ယွမ် ထိုအမျိုးသမီး မည်သူဖြစ်ကြောင်းသိသည်၊ ယိုပြည်နယ် ဘုရင်၏ တော်ဝင်ညီမတော် ၊ မာနကြီးပြီး အာဏာရှင်ဆန်သူ ယို့ရင်းယွဲ့ ဖြစ်သည်။ သူမသည် အကျိုးဆက်ကိုမစဥ်းစားဘဲ အလျင်စလိုပြုမူတက်ကာ ဟန်ရှောက်လင်၏ ကိုယ်လုပ်တော်တစ်ယောက်လည်းဖြစ်ပြီး ဒုတိယအရံအမျိုးသမီးဇာတ်ကောင် တစ်ဖြစ်လဲ ဗီလိန်အမျိုးသမီးဖြစ်လေသည်။
သူမက ဟန်ရှောက်လင်၏ လရောက်ဖြူလေး စန်းယွမ်ယွမ်အား အဆိပ်ခတ် သေဆုံးစေခဲ့သည်။
စန်းယွမ်ယွမ်သည် ထပ်ခါထပ်ခါ အသတ်ခံနေရခြင်းကြောင့် သူမက ကောင်းကင်ဘုံရဲ့ဘိုးဘွားအုတ်ဂူအား မတော်တဆ ထိခိုက်ခဲ့မိသည်ဟု တွေးထင်မိလိုက်သည်။
YOU ARE READING
ဇာတ်လိုက်ရဲ့လရောင်ဖြူလေးအဖြစ်ကူးပြောင်းသွားပြီးနောက် ဗီလိန်နဲ့ထွက်ပြေးလိုက်တယ်
Fantasyစန်းယွမ်ယွမ် သည် ဝမ်းနည်းဖွယ် ရှေးခေတ် စိတ်ကူးယဉ်အချစ် ဝတ္ထုထဲသို့ ကူးပြောင်းသွားခဲ့ပြီး အမျိုးသားဇာတ်လိုက်၏ စောစီးစွာ သေဆုံးခဲ့သော ကံမကောင်းလှသည့် လရောင်ဖြူ(အချစ်ဦး) လေးဖြစ်လာခဲ့သည်။ အမျိုးသားဇာတ်လိုက်ရော အရံအမျိုးသားဇာတ်ဆောင်တွေရောက သူမက ချစ်နေသည...