စန်းယွမ်ယွမ် သည် ဝမ်းနည်းဖွယ် ရှေးခေတ် စိတ်ကူးယဉ်အချစ် ဝတ္ထုထဲသို့ ကူးပြောင်းသွားခဲ့ပြီး အမျိုးသားဇာတ်လိုက်၏ စောစီးစွာ သေဆုံးခဲ့သော ကံမကောင်းလှသည့် လရောင်ဖြူ(အချစ်ဦး) လေးဖြစ်လာခဲ့သည်။
အမျိုးသားဇာတ်လိုက်က သူမကို ချစ်သလို အရံအမျိုးသားဇာတ်ဆောင်ကလည်း သူမက ချစ်နေသည်။အမျိုးသမီးဇာတ်လိုက်သည် သူမနှင့် တူသော မျက်နှာရှိခြင်းကြောင့် အမျိုးသားတိုင်း၏ ချစ်ခြင်း ၊ အနိုင်ကျင့်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံစားရလေသည်။
ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ဆက်ဆံရေးသည် အလှည့်အပြောင်းများနှင့် ပြည့်နှက်နေပြီး သေခြင်းရှင်ခြင်းကြားတွင် ဆင်းရဲကြီးစွာ ဖြစ်နေပေမယ့် နောက်ဆုံးမှာတော့ ပျော်ရွှင်ဖွယ် အဆုံးသတ်ကို ရရှိခဲ့လေသည်။စန်းယွမ်ယွမ်: "တောင်းပန်ပါတယ် ၊ ကျွန်မ... ပထမဆုံးအနေနဲ့ မသေချင်သေးဘူး ၊ ဒုတိယအနေနဲ့ အနိုင်ကျင့် မခံချင်ဘူး။ ဒါကြောင့် ဗီလိန်နဲ့ အတူ ထွက်ပြေးဖို့ကို ရွေးချယ်ပါတယ်၊ တဆိတ်လောက် ခွင့်ပြုပါဦးနော်၊ နှုတ်ဆက်ပါတယ်"
ဗီလိန်က ပျင်းရိသော အမူအရာဖြင့် နွေဦးလေပြေလေးကဲ့သို့ ပြုံးလျက် သူ၏ မျက်လုံးသွယ်သွယ်လေးများအား မှေးကျဉ်းထားလိုက်သည်။
"ငါ့ဘေးနားမှာ... ငရဲကလွဲလို့ ဘာမှမရှိဘူး"
သူမက သုံးစက္ကန့်မျှ တွေးတောလိုက်သည်။
"ငရဲမှာ မြေနေရာရှိလား"
"... စွန့်ပြစ်မြေရိုင်းတွေ ရှိတယ်"
"အဲ့မှာ ရေရောရှိလား"
"... သွေးတွေပဲ ရှိတယ်"
ဗီလိန်က သူမထိတ်လန့်တုန်လှုပ်ပြီး စဉ်းစားနိုင်စွမ်း ဆုံးရှုံးသွားသလိုမျိုး အော်ဟစ်ကာ ထွက်ပြေးသွားရန် စောင့်ဆိုင်းနေသော်လည်း သုံးစက္ကန့်ကြာပြီးနောက် အမျိုးသမီး၏ မျက်လုံးများမှာ မှုန်ပျပျ တောက်ပလာခဲ့သည်။
"အသစ်အဆန်းတွေ စမ်းသပ်ကြည့်ဖို့ အခွင့်အရေးကောင်းပဲ!"
"..."
အနက်ရှိုင်းဆုံး အမှောင်ထုထဲမှာ ကျင့်သားရနေသော သူသည် တစ်နေ့မှာ သူ့ပိုင်နက်မြေရိုင်းတစ်ခုလုံးကို ပန်းပင်လယ် အဖြစ်ပြောင်းပြစ်နိုင်သောသူတစ်ယောက် ရှိလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
^^^^^^^^^^^^^^^^^^^^^^^
Team နဲ့ဖြစ်သွားပြီမို့ ရှယ်ပလန်နဲ့ update ပါမယ်💜💜
YOU ARE READING
ဇာတ်လိုက်ရဲ့လရောင်ဖြူလေးအဖြစ်ကူးပြောင်းသွားပြီးနောက် ဗီလိန်နဲ့ထွက်ပြေးလိုက်တယ်
Fantasyစန်းယွမ်ယွမ် သည် ဝမ်းနည်းဖွယ် ရှေးခေတ် စိတ်ကူးယဉ်အချစ် ဝတ္ထုထဲသို့ ကူးပြောင်းသွားခဲ့ပြီး အမျိုးသားဇာတ်လိုက်၏ စောစီးစွာ သေဆုံးခဲ့သော ကံမကောင်းလှသည့် လရောင်ဖြူ(အချစ်ဦး) လေးဖြစ်လာခဲ့သည်။ အမျိုးသားဇာတ်လိုက်ရော အရံအမျိုးသားဇာတ်ဆောင်တွေရောက သူမက ချစ်နေသည...