2

667 27 0
                                    


DJ သံများနဲ့ဆူညံနေတဲ့ကလပ်တစ်ခုတွင်း၌ ယောင်္ကျား မိန်းမ မရွေးခုန်ပေါက်ပျော်ရွင်နေကြပြီး တော်တော်လေးကိုစည်းကာနေပါ၏ ဆိုး သူတို့ကိုကြည့်ခေါင်းတွေပါမူးလာမိသည် ထိုကြောင့်သူလက်ထဲရှိ အရက်ကိုသာစိတ်ပြေနပြေအေးဆေးထိုင်ကာသောက်နေလိုက်၏

"ဟေ့..!ဆိုး ငါတို့ရောက်ပြီး.."

ထိုအသံနဲ့တူအသံလာရာဖက်ကိုကြည့်လိုက်တော့ သူရဲ့ငယ်သူငယ်ချင်းတွေဖြစ်သည့် ပြိုင်ဆိုင်ရှားဆိုသည့်ကောင်နဲ့ နေလင်းပိုင် ဆိုသည့် ကောင်တွေရောက်လာ၏

"ဟေ့ရောင်..ဆိုး မင်းအရေးကြီးကိစ္စမဟုတ်ရင် သိပ်မခေါ်ပါနဲ့ကွာချီးပဲ့.."

ထိုညီးညူးသံသည်မာ နေလင်းပိုင်ဆိုသည့်ကောင်ဆီမှထွက်လာ၏

"ဟေ့ကောင် မင်းတို့ကို အရေးကြီး ကိစ္စမဟုတ်ရင်ခေါ်တောင်မတွေ့ဘူးနော် ဘောပဲ့..."

ဆိုးသည်လဲမခံချင်စိတ်ဖြင့်ပြန်ပြောလိုက်သည်..

"ပြောပါအုံး မင်းရဲ့ အရေးကြီးကိစ္စကို.."

ရှားသည် သူအရှေ့မှရှိနေသည့် ရက်တစ်ခွက်ကိုမော့ချကာ.. ဆိုးကိုကြည့်ကာမေးသည်

"ငါ.ငါအဝါရောင်လေးကိုပြန်တွေ့ပြီး..အဟက်..!"

ထိုသို့ပြောကာအားပါးတရ ရီချလိုက်သည့်သူကြောင့် ရှားတို့လဲ မျက်လုံး ချင်းဆုံကာပြိုင်တူရီလိုက်မိသည်..

ထိုနောက်...'

"ဝိုးးးဝါးးးးးငါကောင်ကြီးကဒီနေ့ အပျော်လွန်ပြီး ခနခနပြုံးနေတာကိုဟားးဟားး"

"ဟုတ်ပကွာရှားရာ ငါပြန်ပြောတာတောင်ဒီကောင်ပြန်ပြောနေတော့ငါတောင် စပရိုက်ဖြစ်သွားသေးတယ် ဒါကြောင့်မို့ ဒီကောင်အပျော်တွေလွန်ပြီး ငါတို့ကိုစောက်ဖက်လုပ်နေတာကို ဟားးဟားး"

ပိုင် ကလဲထိုသို့စကားဝင်ထောက်သည်.'

"ဆိုတော့ မင်းရဲ့အလှလေးနဲ့ဘယ်တော့ပေးတွေ့မာလဲ.."

ဆိုး ရှား၏စကားကြောင့်မျက်မှောင်ကြုတ်လိုက်ကာ မော့ကြည့်လိုက်တော့ မျှော်လင့်ချက်မျက်ဝန်းလေးတွေနဲ့အရောင်တောက်ကာသူကိုကြည့်နေသည့်နှစ်ကောင်ကြောင့် ရီချလိုက်မိ၏

Mg" eye Yellow(💛)👀Where stories live. Discover now