16

270 19 2
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းဖြစ်သည်။

ဒေါက်ဖိနပ်အသံမှာစည်းချက်ကျကျ၊နေကာမျက်မှန်အမဲကိုင်းကြီးကိုတပ်ထားပြီဖြောင့်စင်တဲ့နှာတံ၊သေးသွယ်သည်းမေးရိုး၊ချစ်ဖို့ကောင်းလွန်းသည့်မထူမပါးနှုတ်ခမ်းလေး‌တွင်အပြုံးနုနုလေးတစ်ပွင့်ကလှလှပပပွင့်လန်းလို့..ကျောအလည်လောက်ရှိသည့်ရွှေအိုရောင်ဆံပင်လိမ်လိမ်ကောက်ကောက်ကွေးကွေးတွေမာစက်အကူညီကိုရယူထားမှန်းသိသာလွန်းသည်။ လေဆိပ်အတွင်းရှိလူမှန်းသမျှကထိုကောင်မလေးကိုသမင်လှည့်ပြန်ငေးရအောင်ကိုလှလွန်းပါသည်။

'အခုချိန်“ဆိုရာ"သိပ်သိပ်ကိုပျော်နေရပါသည် ကိုယ့်ကြိတ်သဘောကျနေရတဲ့သူချစ်နေရတဲ့သူရဲ့နိုင်ငံဆိုတဲ့အသိကထိုမြေကိုခြေချလိုက်တာနဲ့သူရဲ့စိတ်ကိုအလုံးစုံစိတ်ချမ်းမြေ့စေရပါသည်'

"ကျွန်မရှင့်စီလာပြီကုဋေ"

သူတစ်ကိုယ့်ထဲရေရွတ်ကာအားပါတရပြုံးမိပါသည်၊တကယ်ကိုပျော်ဖို့ကောင်းလိုက်တာ။

"Hay..!! My princess"

"Hello Dady..Long time no see"

"အိုးးးအဲ့တော့ဒီအဖိုးကြီးကိုမလွမ်းဘူးပေါ့"

"အိုးလွမ်း‌တာပေါ့နော်ဒယ်ဒီကိုအချိန်တိုင်းလွမ်း"

"မင်းရဲ့‌ကောင်လေးလောက်တော့ပိုလွမ်းမယ်မထင်ပါဘူးနော်"

"အိုးးအဲ့လိုထင်တယ်ပေါ့ခစ်ခစ်"

ဂျပန်မြန်မာကပြားလေးဖြစ်သည့်ဆိုရာဟာဂျပန်မာအနေကြာသော်လဲမြန်မာစကားကိုတော့လည်လည်ဝယ်ဝယ်ပြောတတ်ပါသည်။

"‌ဒယ်ဒီလွမ်းလှပြီအမြန်ပို့ပေးပါနော်သူစီကို"

မျက်လုံးလေးအရောင်တောက်ကာ သူလက်မောင်းကိုချိတ်တွယ်ပြီမှီတွယ်လာသည့်သူသမီးကိုကြည့်ကာလူကာအသက်ပြင်းသာချလိုက်မိပါသည်။ ထိုပုံစုံကိုဆိုရာကမြင်တော့သူအဖေလက်မောင်းကိုဖက်တွယ်ထားရာကနေမော့ကြည့်လာပြီ မျက်မှောင်ကျုံ့ကာမေးလာသည်။

"ဘာဖြစ်လို့လဲဒယ်ဒီ"

"သမီးသိတယ်မလား အဖေတို့မိသားစုရဲ့ထုံတမ်းအစဉ်လာကို"

Mg" eye Yellow(💛)👀Where stories live. Discover now