ဒီကမ္ဘာပေါ်တွင် ရက်စက်ကြမ်းကြုတ်ကြုတ်သောမကောင်းဆိုးဝါးများက ကြီးစိုးနေတယ်၊ ယခုအချိန်သည် သူရဲကောင်းများ၏ ကိုယ်ပိုင် ဒဏ္ဍာရီများ ပြုလုပ်ရန် အချိန်ဖြစ်သည်။
ကံမကောင်းစွာပဲ မင်းက အေးစက်ပြီး သန်မာတဲ့ အမျိုးသမီးဇာတ်လိုက် မဟုတ်ခဲ့ပေ။ မင်းက ရာထူးမြင့်ပြီး နူးညံ့သိမ်မွေ့ ဆွဲဆောင်မှုရှိတဲ့ ဒုတိယအမျိုးသမီးဇာတ်လိုက်လည်း မဟုတ်ပေ။ မင်းက ဒီအတိုင်း မုန်းစရာကောင်းတဲ့ နံပါတ်သုံးအမြှောက်စာအမျိုးသမီးဇာတ်ကောင်သာဖြစ်သည်။
မူလပိုင်ရှင်သည် အမျိုးသမီးဇာတ်လိုက်အား အမှောင်ထဲမှ အန္တရာယ်ပြုရင်း အမျိုးသားဇာတ်လိုက်အား လျှို့ဝှက်စွာ ချစ်ခင်နှစ်သက်ခဲ့သည်။ နောက်ဆုံးအချိန်အထိ သူမသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြား ခလုတ်တံသင်းဖြစ်ခဲ့သည်။ သူမသည် ဒုတိယအမျိုးသားဇာတ်ကောင်၏ ခြေနင်းခံဖြစ်ကာ ဝတ္တုထဲတွင်အကြီးဆုံး 'အရူး'ဟု ဖော်ပြခံခဲ့ရသည်။
"အဲ့တော့ မင်းပြောချင်တာက..... ငါက အမျိုးသမီးဇာတ်လိုက်ရဲ့ လူကို ခိုးယူနိုင်သရွေ့ အောင်မြင်မှာလား"
"အားနာပါတယ် ၊ မင်းရဲ့ ပစ်မှတ်ပါတနာက..... အမျိုးသမီးဇာတ်လိုက်ရဲ့ မောင်လေးပါ"
"မောင်လေး?"
"ဟုတ်ပါတယ် ၊ အတိအကျပြောရရင် သူ့အစ်မကို မျှော်လင့်ချက်မဲ့စွာ ချစ်ကျွမ်းဝင်နေတဲ့ ကောက်ကွေးနေတဲ့ ဆိုးညစ်တဲ့ နှလုံးသားနဲ့ ရက်စက်ပြီး ဂရုဏာတရားကင်းမဲ့တဲ့ တစ်ယောက်ပါ"
^^^^^^^^^^^^^^^^^^^^^^^^^
တစ်ရက်တစ်ပိုင်း တစ်ပတ်၁၀ပိုင်းလာမယ်နော် လရောင်ဖြူလေးအစား pick ထားတဲ့တစ်ခုပါ
comment မှာလဲ link ခထြားတယျနောျhttps://siyuntranslate.top/
YOU ARE READING
ကြာပန်းနက်လေးကိုဖမ်းဆီးရန်လမ်းညွှန်( completed)
Acción(zawgyi/Unicode) Chapter- 133( မြန်မာ translation completed) လင်းမြောင်မြောင်တစ်ယောက် 'မကောင်းဆိုးဝါးမုဆိုး' ဆိုတဲ့ ဝတ္တုကိုဖတ်နေရင်း အဲ့ဒိ့ဝတ္တုထဲက်ု ကူးပြောင်းခံလိုက်ရတယ်။ လင်းမြောင်မြောင်-'....?????' ငါ့တာဝန်က ထုံးစံအတိုင်း အမျိုးသားဇာတ်လိုက်ကို...