Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ
ထိုကဲ့သို့ 'ဆန်းပြား'သည့် ကာရိုက်တာရှိသည့် ဇာတ်ကောင်သည် လင်းမြောင်မြောင်အား အလွန်စက်ဆုပ်စေသည်။ အပြန်အလှန်အားဖြင့် သူမသည် မာနကြီးပြီး အလိုလိုက်ခံရသည့် နံပါတ်နှစ်အမျိုးသမီးဇာတ်ကောင်မှာ အလွန်တည့်တိုးဆန်ပြီး ချစ်စရာကောင်းသည်ဟု ခံစားရသည်။
အမြောက်စာဇာတ်ကောင်အနေဖြင့် လင်းယွီ၏ ကံတရားမှာ အရမ်းမကောင်းချေ။ သူမ၏ အချစ်လမ်းကြောင်းမှာ အဖုအထစ်များလှသည်။
သူမသည် ဘဝတွင် နှစ်ကြိမ်လက်ထပ်ခဲ့သည်။ ပထမအကြိမ်တွင် သူမသည် သူမအလွန်ချစ်ရပါသော ဇာတ်လိုက် လျိုဖုရီနှင့် လက်ထပ်ဟန်ဆောင်ရခြင်းဖြစ်သည်။သို့သော် သူမ၏ အခြေအနေအား မပျော်မြူးနိုင်မီ သူမ၏ အိပ်မက်လေးမှာ ကွဲကြေသွားလေသည်။
ဒုတိယအကြိမ်မှာတော့ သူမသည် အမျိုးသမီးဇာတ်လိုက်၏ မောင်လေး မုရှန်း အား လက်ထပ်ခဲ့ရသည်။
တံခါးသည် တွန်းဖွင့်ခံရသဖြင့် အသံမြည်လာသည်။
တံခါးတွင် ရပ်နေသော အစေခံမိန်းကလေးသည် ထီးအား သိမ်းလိုက်ကာ သူမ၏ အဝတ်များမှာ မိုးရေများ တစက်စက်ကျနေသည်။ သူမသည် ကြက်ပေါက်လေးကဲ့သို့ တုန်တုန်ရီရီဖြင့် "သခင်မလေး ၊ အချိန်ကျပါပြီ"
အစေခံမိန်းကလေး၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး သူမ၏ လက်များမှာ တုန်ရီနေသည်။ ထိုသည်များက သူမအလွန်အင်မတန် ကြောက်ရွံ့နေပါကြောင်း သက်သေများပင်ဖြစ်သည်။
မြောင်မြောင်သည် သူမ၏ နှုတ်ခမ်းဘေးရှိ နှုတ်ခမ်းနီအစွန်းအထင်းများအား ဂရုမပြုစွာ မဖယ်ရှားမှီ သဘောတူသည့် အသံလေးပေးလိုက်သည်။ ထို့နောက် သူမသည် အစေခံမိန်းကလေး၏ စိုစွတ်နေသည့် အင်္ကျီစအား ကိုင်ကာ လမ်းလျှောက်သွားသည်။
ဆီစိမ်စက္ကူထီးသည် ကြမ်းတမ်းသော မိုးဒဏ်အား မခံနိုင်လုနီးပါးပင်။ မိုးရေများမှာရေစီးကြောင်းလေးများအဖြစ် ထီးဖျားမှတစ်ဆင့် အတန်းလိုက် စီးကျနေသည်။ ထီးအားကိုင်ထားသော အစေခံမိန်းကလေး၏ လက်များမှာ တုန်ရီနေသည်။ ထိုတုန်ခါမှုကြောင့်ပင် မြောင်မြောင်၏ ပါးလွှာပေါ့ပါးသော မင်္ဂလာဝတ်စုံအား မိုးရေအချို့ လာစင်စေသည်။မကြာခင်မှာပင် သူမ၏ ပခုံးတစ်ခြမ်းလုံးစိုရွဲသွားတော့သည်။မြောင်မြောင်သည် မပျော်မရွှင်ဖြစ်ကာ အစေခံမိန်းကလေးထံမှ ထီးအားလွှဲယူလိုက်သည်။
YOU ARE READING
ကြာပန်းနက်လေးကိုဖမ်းဆီးရန်လမ်းညွှန်( completed)
Acción(zawgyi/Unicode) Chapter- 133( မြန်မာ translation completed) လင်းမြောင်မြောင်တစ်ယောက် 'မကောင်းဆိုးဝါးမုဆိုး' ဆိုတဲ့ ဝတ္တုကိုဖတ်နေရင်း အဲ့ဒိ့ဝတ္တုထဲက်ု ကူးပြောင်းခံလိုက်ရတယ်။ လင်းမြောင်မြောင်-'....?????' ငါ့တာဝန်က ထုံးစံအတိုင်း အမျိုးသားဇာတ်လိုက်ကို...