- 1 -

2.8K 147 6
                                    

~Unicode~

"ကိုကို မီးလေးရည်းစားရသွားပြီ"

အလုပ်တွင် နေ့လည်ပိုင်းခနနားချိန်၊
အလုပ်ရှိဝန်ထမ်းများနှင့်စကားဖောင်ဖွဲ့ပြောနေသည့်အချိန်၌
ဝင်လာသောမက်ဆေ့ဂျ်​ကြောင့်
စကားစရပ်ကာ ဖုန်းထဲသို့အကြည့်လွှဲလိုက်သည်။

ဖုန်းဖွင့်ပြီးပြီချင်းမြင်လိုက်ရသည့်စာကြောင့်
ချက်ချင်းပင် စာပို့လာသည့်သူအား
ကမန်းကတန်းပင်ဖုန်းဆက်လိုက်ရသည်။
ဒီကလေးမကတော့ လုပ်လိုက်ရင်အဲ့လို။

"အမီးမ နင်စာပို့ထားတာကဘာပြောတာလဲ "

"အမီး ရည်းစားရသွားပြီလို့ပြောတာလေကိုကိုရဲ့"

"ငြိမ်ငြိမ်လေးခနလောက်နေပါအုံးလား အမီးလေးရယ်။
အမီးကြောင့် ကိုကိုခေါင်းကြိမ်းလာပြီ"

"ကိုကိုကလည်း မီးမှာကိုကိုပဲရှိတယ်ဆိုတာသိရက်နဲ့။
ဟီးဟီး ကိုကို ကိုကို့ကို မီးလေးကအများကြီးချစ်တယ်နော်.."

ကိုယ့်ညီမထံမှ ချစ်တယ်ဆိုသောစကားကြားရခြင်းသည်
ပုံမှန်ဖြစ်သော်လဲ ယခုအခါ၌ချွဲပျစ်နေ၍
ဘာကိုဆိုလိုသည်မှန်း သူအတပ်သိလိုက်ပြီ။

ယခုလိုမျိုးအသံလေးသည် တစ်ခါတစ်လေ တစ်လတစ်ခေါက်၊
တစ်ခါတစ်လေ နှစ်လတစ်ခေါက်၊
တစ်ခါတစ်လေ သုံးလတစ်ခေါက်ကြားရမြဲ။
သို့တိုင် သုံးလထက်တော့လွန်မလာခဲ့ချေ။
သုံးလဆိုသည်မှာတောင် အလွန်ရှားပါးလှသောအချိန်အခါလေးဖြစ်သည်။ယခုတစ်ခေါက်တွင်လဲ
မည်သည့်အချိန်အတိုင်းအတာရောက်မည်ဟု သူမခန့်မှန်းနိုင်။

"ကိုကို မာမီမသိအောင်ဖုံးထားပေးအုံးနော်.."

"ဘယ်ခါတုန်းကများ မာမီသိတာရှိခဲ့ဖူးလို့လဲ။
မာမီကလဲဘယ်သိမလဲ အလွန်ဆုံးမှသုံးလလေ
သုံးလဆိုတာတောင် ကိုကို့အသက် 24နှစ် အတွင်း
နှစ်ခေါက်ပဲကြုံဖူးသေးတယ်"

"ဟီးဟီး ကိုကိုကလဲ မီးလေးကပျင်းတယ်လေတဲ့ အဲ့ကြောင့်မို့ပါ"

"ကိုကို့လိုမျိုး တစ်ယောက်ထဲလေးနေကြည့်လိုက်စမ်းပါ။
ဘယ်လောက်ပျော်ဖို့ကောင်းမှန်းအမီးလေးသိလာလိမ့်မယ်
ပျင်းဖို့ဆိုတာအဝေးကြီး"

မင်းထက် မင်းအကိုက သောက်ရမ်းပိုလှတယ်!!Where stories live. Discover now