- 7 -

1.7K 176 39
                                    

~ Unicode ~

" တကယ်ကြီးကွေးသွားရအောင်
ပတ်ခ်ဂျီယွန်းအကိုက သေအောင်လှတာလား..
ဗရမ်းဗဒါမပြောနဲ့နော် ဂျွန်ဂျောင်ဂု..။
ကြားရတဲ့ငါတို့ သရဲနဲ့ဖက်လိုက်ရသလိုပဲ
တစ်ကိုယ်လုံးကို ကြက်သီးတွေထလို့ "

သူငယ်ချင်းလေးယောက်လုံးရဲ့လက်တွေက
ယခုထိတိုင် ဂျောင်ဂုရင်ဘတ်ပေါ်တွင်သာရှိနေသေးသည်။
အချိန်ကြာသွားသည့်တိုင် ဂျောင်ဂုရင်ဘတ်ထဲက
နှလုံးခုန်သံကြီးသည် ခပ်မြန်မြန်လှုပ်ရှားနေဆဲ။
ဂျောင်ဂုကတော့ စိတ်လွတ်သွားမှုကြောင့် ငိုင်ငိုင်ကြီးဖြစ်နေပြီး
ကျန်လေးယောက်မှာတော့ အံ့သြမှုကြောင့် ငိုင်ငိုင်ကြီးသာ။

ထိုအထဲမှ အရင်ဆုံးသတိပြန်ဝင်လာသူ
မင်ဝူးမှစကားစလိုက်သည်။ထိုမှသာ
စားပွဲအတွင်းရှိလူအကုန်၏စိတ်တွေမှာ
လက်ရှိအချိန်သို့ပြန်ရောက်လာကြတော့သည်။

" တစ်သက်လုံး ဗရမ်းဗဒါပြောခဲ့တဲ့ကောင်က
အခုလိုစကားထွက်လာတော့ ယုံကိုမယုံနိုင်ဘူး
မဟုတ်ဘူး မယုံဘူးလုံးဝ "

ဂျီဟွမ်းကပါ အားတက်သရောနှင့် ထပြောသည်။

" ပတ်ခ်ဂျီယွန်းအကိုက ဂျောင်ဂုကို
ဆေးမှားတိုက်သွားတာရောမဖြစ်နိုင်ဘူးလား.."

ဂျောင်မင်းကပါ သူ့အတွေးနှင့်သူပြောပြန်သည်။
ဟုတ်သည်လေ သူတို့သိတဲ့ဂျောင်ဂုအစစ်က
ဒီလိုစကားမျိုးတွေပြောမယ့်သူ လုံးဝမဟုတ်။
အားလုံးသူတို့အတွေးနဲ့သူတို့ပြောနေကြစဥ်
ဟိုဆော့မှာတော့ငြိမ်လျက်သားရှိနေသည်။

" မင်းအခုမှကွေးသွားတာရော ဟုတ်ရဲ့လား..."

ပုံမှန်မျက်နှာဘေးနဲ့မဟုတ်ဘဲ
အတည်တကျကြီးဖြစ်နေတဲ့ ဟိုဆော့မျက်နှာကြောင့်
ထပ်ပြီးတွေးရပြန်သည်မှာ ကျန်လေးယောက်ပင်ဖြစ်သည်။

" အဲ့ကြောင့် အဲ့တုန်းကစပ်စပ်ထိမခံနေပါဘူးမှတ်တယ်။
မင်းအဲ့ကတည်းက ကွေးချင်သလိုလိုဖြစ်နေတာမလား... "

" ဘယ်တုန်းကလဲ? "

ဟိုဆော့မေးလာတဲ့စကားကြောင့် ဂျောင်ဂု သူ၏
အလုပ်လုပ်ဖို့ခက်နေသေးတဲ့ဦးနှောက်လေးကို
ခပ်မြန်မြန်အလုပ်လုပ်လိုက်သေးသည်။
ဒါပေမဲ့လဲ အလုပ်ကမလုပ်။
ထိုကြောင့် အမေးစကားအား အမေးနဲ့ပင်ပြန်မေးလိုက်သည်။

မင်းထက် မင်းအကိုက သောက်ရမ်းပိုလှတယ်!!Where stories live. Discover now