- 10 -

512 59 15
                                    

~ Unicode ~

ကိုကိုနဲ့ဂျောင်ဂု အိမ်ပြင်ထွက်သွားမှ
ဂျီယွန်းသည် မာမီ့နောက်တကောက်ကောက်လိုက်ကာ
ခုနကဘာတွေ​ပြောနေကြလဲဆိုတာကိုမေးတော့သည်။

" မာမီ... မာမီလို့...
ခုနက ဂျောင်ဂုနဲ့ဘာတွေပြောနေကြတာလဲ.. "

" ဂျောင်ဂုက သမီးနဲ့ရောသိတာလား.. "

" အသက်တူတူပဲလေ
သူငယ်ချင်းတွေ အဲ့ပြီးမှကိုကိုနဲ့ခင်သွားတာ.. "

မတတ်နိုင် လိမ်ပြီးသာပြောလိုက်တော့သည်။
အမှန်အတိုင်းပြောလည်းရပေမယ့်
ပြောရင်ဘယ်သူ့အတွက်မှမကောင်းတာကြောင့်
အမှန်ကိုဖုံးပြီးသာထားလိုက်သည်။
အဲ့ဒီကိစ္စကြောင့် ကိုကို့အချစ်ရေးအပေါ်
မကောင်းတဲ့အမြင်မျိုး မသက်ရောက်စေချင်။
ဖုံးထားလည်း ကိစ္စအထွေအထူးတော့မရှိလေ
သူတို့က သူငယ်ချင်းတွေလောက်တောင်
ရင်းနှီးကြတာမဟုတ် အခုကိုကိုနဲ့ပက်သက်ပြီးမှသာ
သူတို့နှစ်ယောက်က မတည့်တာတွေဖြစ်နေကြတာ။

သူငယ်ချင်းတွေလို့ပြောမှ
သက်ပြင်းရှည်ကြီးချသွားတဲ့မာမီကြောင့်
ဂျီယွန်းစိတ်ထဲတစ်မျိုးကြီးပင်။
ဘာတွေများသိသွားလဲဆိုတာမျိုး။

" ပြောရရင် သမီးရဲ့ကိုကို့ကို ကြိုက်လို့လိုက်မယ်ပေါ့။
အဲ့တာကိုမာမီ့နားခွင့်တောင်းသွားတာ.. "

" အောင်မယ်! သူကအဲ့လိုပြောတတ်တယ်လား.. "

အံ့သြမှုကြောင့် မထိန်းနိုင်ဘဲ
ဂျီယွန်းပါးစပ်မှစကားကိုလွှတ်ခနဲထွက်သွားတော့သည်။
ကိုကိုနဲ့တွေ့မှ ဘယ်လိုတောင်အချိုးပြေသွားတာကြီးလဲ။
မာမီခေါင်းငြိတ်ပြတော့ ဂျီယွန်းကစကားဆက်သည်။

" သမီးကိုကျဘယ်လိုပြောတယ်ထင်လဲမာမီ..
မင်းအကိုကို ငါ့ပေးတဲ့!
တုံးတိကြီးလာပြောတာသိလား။
ရိုက်ပေါက်ကြီးတကယ် "

" အဲ့လိုပုံစံလေးတော့မပေါ်ပါဘူး "

" မာမီ့နားမှာမို့လို့နေမယ်။
မာမီသိလား အဲ့ဂျွန်ဂျောင်ဂုဆိုတာလေ
အခုလိုသိသိတတ်တတ်မဟုတ်ဘူး။
သူ့ဘာသာသူနေတတ်တဲ့သူမျိုး ဘယ်သူနဲ့မှလဲမရောဘူး
မာနကြီးတယ်ပေါ့မာမီရယ် အဲ့လိုအဲ့လို..
စကားလည်းပေါက်လွတ်ပဲစားထွက်တတ်တာမဟုတ်ဘူးသူ.. "

မင်းထက် မင်းအကိုက သောက်ရမ်းပိုလှတယ်!!Where stories live. Discover now