- 3 -

1K 99 21
                                    

~Unicode~

ယခုဆိုလျှင် ဂျောင်ဂုနှင့်တွဲနေတာ
နှစ်ပတ်ပင်ကျော်နေပြီဖြစ်သည်။
ကြားထဲတွင် ကတောက်ကစဟူ၍
တစ်ခုတစ်လေလေးတောင်မရှိ။
မရှိသည်ဟုဆိုရာတွင်လဲ ဒီနှစ်ပတ်အတွင်းတွင်
အတူမျက်နှာချင်းဆိုင်ဖြစ်သည်မှာ လက်တစ်ဖက်တောင်မပြည့်။

ရည်းစားဖြစ်ပြီး နောက်ညနေခင်း၌
ကျောင်းလမ်းထိပ်ရှိ တော့ပုကီဆိုင်ကလေးတွင်
တော့ပုကီတစ်ပွဲအားတူတူစားခြင်းဖြင့်
တစ်ခါဒိတ်လိုက်သည်။
ထွေရာလေပါးမည်သည့်အရာမှမပြောဖြစ်လိုက်
ဒီတိုင်းစားသောက်ပြီးသွားသည်နှင့် ပိုက်ဆံရှင်းပြီး
ဆိုင်ရှေ့ထွက် နှစ်ယောက်သားခေါင်းညိတ်နှုတ်ဆက်ပြီးသည်နှင့်
ကိုယ့်အိမ်ကိုပြန်လာခဲ့ကြသည်။
ဤသည်မှာ ပူပူနွေးနွေးရရှိထားသော
ရည်းစားအသစ်စက်စက်ကလေးနှင့်
First Date ကလေးပင်ဖြစ်သည်။

တစ်ပတ်ကြာပြီးသောအခါတွင်
ဂျောင်ဂုဘက်မှကော်ဖီဒိတ်မည်ဟုပြောလာသဖြင့်လဲ
ကျောင်းအနောက်ဘက်ရှိ ကော်ဖီဆိုင်သေးသေးလေးတွင်
ကော်ဖီတစ်ယောက်တစ်ခွက်စီမှာကာ
မျက်နှာချင်းဆိုင်သာထိုင်နေပြီး
တစ်ယောက်မျက်နှာတစ်ယောက်မကြည့်၊
စကားလေးသုံးလေးခွန်းလောက်သာပြောပြီး
ကော်ဖီခွက်ကိုသာစိုက်ကြည့်လိုက်သောက်လိုက်ဖြင့်
ကော်ဖီကုန်အောင်သာသောက်လိုက်ကြသည်။
ရှက်သည်လဲမဟုတ် စကားမပြောရဲသည်လဲမဟုတ်
ဒီတိုင်းဘာစကားမှသာထွက်လာခြင်းမရှိ။
ဤသို့ဖြင့် Second Date အား
ထိုနည်းဖြင့်သာကုန်ဆုံးလိုက်ကြသည်။

ဆယ်ရက်ခန့်ကြာပြီးသည်နောက်တွင်
ဂျီယွန်းသည် သူမဘက်ကနေမှစကာ
ဂျောင်ဂုအား movie date ရန်မဲဆွယ်လိုက်သည်။
ဤမှာလည်း တခြားတော့မဟုတ်
သူမ၏အကိုဖြစ်သူအားခေါ်လို့မရသောကြောင့်ဖြစ်သည်။
အလုပ်တွင်အချိန်ပိုအနေဖြင့်
ဒယ်ဂူဘက်သို့ပါသွားခြင်းကြောင့်လိုက်ကူမပေးနိုင်။
ထို့ကြောင့်လဲ အကိုဖြစ်သူ၏တောင်းပန်စကားတွေကို
နားနှင့်မဆန့်သာလောက်အောင်ကြားလိုက်ရသည်။

ဒယ်ဂူသို့သွားရန်အထုပ်အပိုးပြင်နေချိန်တွင်လဲ
သူမအခန်းထဲသို့မကြာမကြာရောက်လာကာ
တောင်းပန်စကားဆိုသည်။ထပ်လာမည်ဆိုးသောကြောင့်
အခန်းတံခါးကိုလော့ခ်ချလိုက်ရာပိုလိုပင်ဆိုးသွားသေးသည်။
သူ့ကိုစိတ်ဆိုးသွားပါသည်ဟုထင်ကာ
ငိုမတတ်ဖြစ်နေတဲ့အကိုကြောင့် ဂျီယွန်းခမျာ
အကိုဖြစ်သူအား အာပေါက်မတတ်ပြန်ချော့လိုက်ရသည်။

မင်းထက် မင်းအကိုက သောက်ရမ်းပိုလှတယ်!!Where stories live. Discover now