Part (1)

663 25 2
                                    

Zawgyi.....

ခမ်းနားထည်ဝါလွန်းတဲ့ မင်္ဂလာခန်းမကြီးတစ်ခုထက်
လူအမြောက်အများ ပြုံးရွှင်ကာရယ်မောနေကြသည်။ ထိုရယ်
မောသူတွေရဲ့အတွင်းစိတ်ကို ဘယ်သူမှမသိနိုင်။အကုန်လုံး
ကဟန်ဆောင်မျက်နှာဖုံးများဖြင့်သာ။

"ကြည့်ပါဦး ယောက်ျားချင်းကြီးလက်ထက်ကြရတယ်လို့"

"တိုးတိုးပြောပါ မဆွေရယ်၊ တော်ကြာ ကြားသွားမှရှေ့နေ့
ကြီးကတရားစွဲနေပါဦးမယ်"

အလယ်ဝိုင်းတွင်ထိုင်နေသောအန်တီကြီးနှစ်ယောက် မှာဟန်ပင်မဆောင်နိုင်စွာ၊ လက်ထက်ခြင်းကို ကဲ့ရဲ့ပြစ်တင်
ကြလေ၏။

"ရှေ့နေဦးမြတ်မှူးတို့ကတော့ မိုက်တယ်ဟေ့၊ သားမွေးထား
လည်းသားမက်ရတယ်ဆိုတာ ဒါမျိုးပေါ့။"

"ဟုတ်တာပေါ့ဗျာ၊ သားမက်ကလည်းအားလုံးရိုသေ
လေးစားရတဲ့ကျောင်းဆရာဆိုတော့ ရှေ့နေဦးမြတ်မှူးတို့က
ဂုဏ်ရှိပြီးရင်းရှိနေပြီဗျို့"

"အဟား...ကျေးဇူးပါပဲဗျာ"

မကောင်းတက်လို့သာ ပြန်ဖြေလိုက်သောကျေးဇူးတင်စကား
ကို ထိုဦးလေးကြီးနှစ်ယောက်မှာလည်းအင်တင်တင်ဖြင့်
ရပါတယ်ဟုပြောလိုက်ကြသည်။

ဒီလိုနဲ့မင်္ဂလာပွဲသည်အထမြောက်တာ ပျော်ရွှင်ကာပြီးဆုံး
သွားလေ၏။ပျော်ရွှင်ရသောလူတွေထဲမှာ ထိုသူနှစ်ဦးတော့
မပါခဲ့လေ။အဓိကအားဖြင့် ထိုလူတွေကတော့ဒီနေ့မင်္ဂလာပွဲရဲ့
ဆက်လိုက်ဖြစ်တဲ့ မောင်သဝဏ်ထွဍ်ခေါင်နဲ့ မောင်လရောင်မှူး
တို့ပင်။

ခွမ်း..!

"ကြီးကြီး!"

"နွားနို့ကို နောက်တစ်ခွက်ပြန်ဖျော်ပေးပါဦး၊
ပြီးတော့ နောက်ခါဒီအိမ်ကအစားအစာနဲ့ပတ်သတ်တာမှန်သ
မျှကြီးကြီးကပဲတာဝန်ယူပေးပါ၊ သုံးစားမရတဲ့လူတွေကို
အစားအသောက်မလုပ်ခိုင်းပါနဲ့"

"ကြီးကြီး ပြောထားလိုက်ပါ့မယ် သားလေး"

ခေါင်းတစ်ချက်သာညိမ့်ပြီး အပေါ်တက်သွားတဲ့သားလရောင်
ကိုကြည့်ကာသက်ပြင်းဖွဖွချမိသည်။
သားလရောင်ကအပြောဆိုးပေမယ့် စိတ်ထားလေးတော့
ကောင်းရှာပါသည်။အရင်ကဆို မကြိုက်တဲ့အမှားမျိုးလုပ်မိရင်တောင်ပြောရုံသာပြောသည်။
အခုလိုတော့ ဖန်ခွက်ခွဲပြီးဒေါသထွက်တာမျိုးတော့မရှိခဲ့။

Mistakes That HurtDonde viven las historias. Descúbrelo ahora