နီယာနာတွင်နိုးထရသည့် ပထမဆုံးမနက်ခင်း။
လီဆာမျက်လုံးတွေမဖွင့်ရသေးခင် ငှက်သံတကျီကျီကိုအရင်ကြားနေရသည်။ ထို့နောက် လေပြည်အေးအေးကမျက်နှာဆီတိုးဝေ့တော့ မျက်လုံးဖွင့်လိုက်၏။ နေခြည်ထိုးနေသော ရွှေရောင်အသုံးအဆောင်များကြောင့် အခန်းကတလက်လက်ဖြင့်။
"မနေ့ကကြုံရသမျှက အိပ်မက်မဟုတ်ဘူးပဲ"
စကြဝဠာရဲ့ ဘယ်ထောင့်မှာတည်ရှိနေမှန်းမသိရတဲ့ နေရာတစ်ခုမှာ လီဆာရောက်နေတာ။ အသိဝင်လာတော့ အခန်းကိုဝေ့ဝဲကြည့်လိုက်သည်။ ချန်းမရှိ။
မနေ့ညက ဂျိန်းနီယာနာကိုယ်တိုင်ပတ်ပေးထားတဲ့ဝတ်ရုံကြီးက ခန္ဓာကိုယ်မှာ တင်းတင်းကြပ်ကြပ်ရှိနေတုန်းပဲ။ ရှုပ်ပွနေတဲ့ဆံပင်တွေကို ရှင်းလင်းရင်း စည်းစရာရှာပေမယ့်မတွေ့။ ထို့ကြောင့် ကုတ်ဝဲဆံပင်တွေကို ဒီအတိုင်းချထားရင်း ငုတ်တုပ်ဆက်ထိုင်နေလိုက်သည်။
ခေါင်းထဲမှာ ဘယ်သွားရမှန်းမသိသလို ဘယ်သူနဲ့တွေ့ရမယ်လဲမသိဘူး။ ဘာမှမလုပ်တာအကောင်းဆုံးမို့ လီဆာတစ်ယောက်ယောက်ရောက်လာမည့်အချိန်ကိုသာ စောင့်ရမည်။
" နိုးနေပြီလား "
ချီဆူးက လီဆာ့ကိုမကြည့်ဘဲ အခန်းပြတင်းတွေအကုန်လိုက်ဖွင့်ရင်း ပြောသည်။ လီဆာခေါင်းငြိမ့်ပြရင်း ထိုင်ရာမှထရပ်တော့ ချီဆူးကလက်ကာပြလာသည်။
" နင်ကဒီကမ္ဘာကမှမဟုတ်တာ ငါ့ကိုတော့အရိုအသေပေးဖို့မလိုပါဘူး အရှင့်ကိုပဲပေး "
" ကျွန်မ ဒီမှာဘာလုပ်ရမလဲ ချီဆူး "
" နင့်ကိုချန်းရဲ့အမျိုးနွယ်လို့ပဲ လူတွေသိထားကြလိမ့်မယ် ဒီနန်းတော်ထဲမှာနေလို့ရတာ နီယန်းမျိုးနွယ်စုပဲရှိတယ် နန်းပြင်ကလူတွေက ငါတို့မျိုးနွယ်စုကို ကိုးကွယ်ကြတယ် ငါတို့ကသူတို့ကိုပြန်ပြီး စောင့်ရှောက်ပေးရတယ် .. ဒါဘိုးဘေးတွေလက်ထက်ကတည်းကဆိုပေမယ့် အခုတော့အရှင့်နာမအောက်မှာ အရေးအကုန်ငြိမ်နေတယ် .. နင်ဒီလောက်တော့ သိထားလို့ရတယ် .. ဒီနန်းတော်ထဲမှာရှိတဲ့သူတွေရော အပြင်ကလူတွေရော နင့်ကိုနီယန်းမျိုးနွယ်ထဲကမဟုတ်မှန်း သိသွားရင် နင်သေမှာ "

YOU ARE READING
- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍𝐓 𝐂𝐎𝐒𝐌𝐎𝐒
Фанфик- ထိုစကြဝဠာတွင် စစ်ချီတေးများ စည်သံများ Cosmos ပန်းများနှင့် နီညိုရောင်မျက်ဝန်းတို့က နှလုံးအိမ်အားဖြည့်စွက်သည်။