05

4.3K 354 163
                                    

နန်းဆောင်ထဲတွင် အိပ်မောကျနေတဲ့ ချန်းဆီကအသက်ရှူသံတိုးတိုးသာရှိသည်။ မျက်လုံးတွေမှိတ်ထားပေမယ့် လီဆာအိပ်မပျော်။ ဆုတောင်းပွဲစီစဥ်ရင်း ပင်ပန်းခဲ့ပုံရတဲ့ချန်းကြောင့် ညဦးပိုင်းကတည်းက နှစ်ယောက်လုံးစကားပင်မပြောဖြစ် ညစာစားပြီး ကိုယ်စီစက်ရာဝင်ခဲ့ကြတာ။ မကြာခင်ပဲ မိုးလင်းလာတော့မည်။ လီဆာတရေးပင်မအိပ်ရသေး။

ဟိုဘက်ကမ္ဘာမှာ စာတွေရေး၊ သုတေသနတွေလုပ်နှင့် အများကြီးခေါင်းသုံးခဲ့ရတာမှန်ပေမယ့် ဒီကမ္ဘာရောက်မှ အတွေးတွေပိုများလာသည်။ ထူးထူးဆန်းဆန်းကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့တဲ့အထဲ နှလုံးသားအရေးပါ ပါသွားတော့လည်းမတတ်နိုင်။ ကိုယ့်ခံစားချက်ကိုယ်ဆန်းစစ်ရင်း ဂျိန်းနီယာနာ၏ခံစားချက်များကိုပါ ခွဲခြမ်းစိတ်ဖြာနေရသည်။

အချစ်အကြောင်းပြောစဥ်က ဖြစ်သွားခဲ့သောမျက်နှာထားကို အာရုံထဲကဖျောက်မရ။ လှည့်ထွက်သွားခဲ့သောကျောပြင်သေးသေးတွင် လေးပင်မှုများကို ပထမဆုံးအကြိမ်ခံစားမိလိုက်သည်။

ဂျိန်းနီယာနာက သူ့ကိုယ်သူစည်းတွေတားထားတာမဟုတ်ဘူးလား။ အချစ်ကိုမသိခြင်းထက် တမင်မရှာဖွေခြင်းဟုခံစားရသည်။ တိုင်းပြည်ကိုလည်းစောင့်ရှောက်ပေးရမှာမှန်ပေမယ့် သူ့ပျော်ရွှင်မှုအတွက် သူ့စိတ်သူရောစောင့်ရှောက်နေရဲ့လား။ အုပ်စိုးသူဇာတာနဲ့မွေးဖွားလာရခြင်းကြောင့် ဂျိန်းနီယာနာရဲ့ပျော်ရွှင်မှုတွေများ ကန့်သတ်ခံထားရသေးလား။ ကိုယ်တိုင်တောင် အနာဂတ်ပျောက်နေပေမယ့် ရုတ်တရက်ကြီး ဂျိန်းနီယာနာကို စိတ်ပူလာတယ်။

လူတိုင်းက တစ်သက်မှာတစ်ခါတော့ အချစ်ကိုတွေ့ကြတာပဲလေ။ စောပြီးဖြစ်ဖြစ် နောက်ကျပြီးဖြစ်ဖြစ်၊ တစ်ဖက်သတ်ဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်ဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ခလုတ်ဝင်တိုက်ဖူးကြတာပဲ။ ဒါပေမယ့်ဂျိန်းနီယာနာကတော့ မာတီယိုရှိနေရက်နဲ့ အချစ်ကိုမခံစားဘဲ နေထိုင်နေတယ်။ အချစ်ခံရခြင်းနဲ့ ချစ်ပေးခြင်းမရှိတဲ့နှလုံးသားဟာ ဘယ်လောက်အေးစက်ပြီးသနားစရာကောင်းသလဲ၊ ပျော်ရွှင်ခြင်းတွေကိုလက်မခံနိုင်။

- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍𝐓 𝐂𝐎𝐒𝐌𝐎𝐒Where stories live. Discover now