အပိုင်း-၃

1.5K 198 49
                                        

အခန့်ညားဆုံး၊ အလှပဆုံး၊ အမြင့်ဆုံးမှာ ရှိနေတတ်တဲ့ CEO Kim seok Jin ...။

Kim မျိုးရိုးဂုဏ်ကို အဆင်းနဲ့ရော အချင်းနဲ့ရော ထိန်းထားနိုင်တဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ၊ ဘယ်သူတစ်ဦးတစ်ယောက်မှ ယှဥ်ပြိုင်မော်မကြည့်ရဲတဲ့ ထုံးစံအစဥ်လာနဲ့သူ၊မင်းမျိုးမင်းနွယ်က ဆင်းသက်လာသူ မို့ သူမတူ အောင် ကွဲပြားခြားနားတယ်။ ဘဝင်မြင့်တယ်။ ယုံကြည်ချက်ပြင်းထန်တယ်။ မာနကြီးတယ်။ မျိုးရိုးတွေ အဆင့်အတန်းတွေနဲ့ပဲ လူတွေကို ခွဲခြားဆက်ဆံတတ်ပြီး အားနာတတ်တဲ့စိတ်ဟာ မွေးကတည်းက မပါလာခဲ့။ မကောင်းသတင်းတွေ မွှေးနေလည်း သူကတော့ အိမ်ကလူတစ်ယောက်ကလွဲရင် ကျန်တဲ့လူကိုထူးထွေပြီးဂရုစိုက်နေမှာမဟုတ်ဘူး။

ဘဝဆိုတာခဏလေး ဒါကြောင့်လိုချင်တာကို အပိုင်ရကိုရ၊ရမယ်ဆိုတဲ့စိတ်ကိုအမြဲထားတယ်။ အရှုံးပေးရတယ်ဆိုတဲ့အကြောင်းအရာ စကားလုံးဟာ Kim seok Jin ဘဝမှာ တစ်ခါမှမရှိခဲ့ဖူးဘူး။ လက်လျှော့တယ်ဆိုတာဟာလည်း ဘဝအဘိဓာန်ထဲပါတောင် ပါမလာခဲ့...။

"မောင်က အိမ်တောင်ပြန်ရောက်နေပြီပဲ။ စောလိုက်တာ"

အလုပ်လုပ်နေရင်း သီးသန့် Conputerမှတစ်ဆင့် Namjoon အိမ်ကိုပြန်ရောက်နေတာကို Jin သတိထားမိလိုက်ကာ ပြုံးလိုက်သည်။
မောင်က ကမ္ဘာကြီးဘာတွေဖြစ်ပျက်နေနေ သိပ်အေးချမ်းနေတော့တာပဲ...။ အလှုပ်အခတ်မရှိ နေသားကျနေတဲ့ ဘဝဘောင်ထဲမှာ မပျင်းဘူးလားတော့မသိ...။ ဒါပေမယ့် မောင့်ရဲ့အဲ့လိုပုံစံလေးကပင် နှစ်ခြိုက်စရာကောင်းသည်။

မီးဖိုချောင်ထဲ နှပ်ကော်ဖီတစ်ခွက် ဖျော်သောက်နေတာကို ​CEO က ပြုံးပြုံးကလေးထိုင်ကြည့်နေတယ်။ သူ့လုပ်ရက်တွေကအလွန်အကျွံဖြစ်နေတယ်ဆိုတာသိပေမယ့် မောင့်ကို စောင့်ကြည့်နေရတာဟာ သူ့အတွက်ဝါသနာတစ်ခုလိုပဲ။ သူဘာတွေလုပ်ကိုင်တယ်။ သူဘယ်သူတွေနဲ့စကားပြောတယ် ဆိုတာကို သိပ်သိချင်တယ်။ ဘယ်သူကစေတနာ ဘယ်သူက ဝေဒနါဆိုတာ ကိုယ်တိုင်ပဲ အကဲဖြတ်ပြီး ​မောင့်အနားမှာ မရှိသင့်တဲ့လူဆိုရင် ရှင်းထုတ်ပစ်တယ်။ ဒါတွေဟာ သူ့အတွက်စီးပွားရေးတစ်ခုလို စနစ်တကျစီမံခန့်ခွဲလာတာ ဆယ်နှစ်ကျော်ခဲ့ပြီ။

မဟူရာမျဥ်းပြိုင်Where stories live. Discover now