Part-11

561 29 5
                                    

[Unicode]

"အာ..ခုနက အဆင်ပြေရဲ့လား အတော်လန့်သွားတယ်ထင်တယ်''

"ရပါတယ် ကိစ္စမရှိပါဘူး''
"ဒီနားမှာ အသိဆေးခန်းလေးရှိတယ် သွားရအောင်''

"ကျနော့် ဒဏ်ရာကအရမ်းအဆိုးကြီးလည်း မဟုတ်ပါဘူး အလုပ်ပိုပါအုံးမယ်''

"အယ်....မဟုတ်တာ''

"ဟိုလေ ''

"အွန်း ဘာဖစ်လို့လဲ ''

"ဟို ဒီတိုင်းကြီးစကားပြောနေရတော့ စကားထောက်နေလို့''

"ဪ ရပါတယ် နာမည်ကသွန်းဆက်မြိုင်ပါ

"ကျနော်သွန်းလို့ခေါ်လို့ရမလား''

"ရပါတယ် သွားရအောင်''

"အာ..ဟုတ်''

တစုံတယောက်တော့မသိဘူးရယ် ကျနော့ရင်တွေ အတိုင်းအဆမရှိခုန်နေတယ်ဆိုတာ ပထမဦးဆုံးစတွေ့ဖူးတဲ့ သူတယောက်အပေါ် ကျနော်ရင်ခုန်မိတာ ဒါပထမဆုံးပဲ

ကျနော်ကသာ တယောက်ထဲ ဖစ်ချင်တိုင်းတွေဖစ်နေတာ ဘေးကမိန်းမလှလေးကတော့ ဘာမှသိမယ်မထင်ဘူး

"ဒဏ်ရာက ပြင်းပြင်းထန်ထန်တော့ မဖြစ်သွားပါဘူး ဒါပေမဲ့ အသားကအတော်လေးပွန်းသွားတော့ မေးခိုင်ပိုးတွေဘာတွေ မဝင်အောင်တော့ ဂရုစိုက်ရပါမယ်''

"ဪ ဟုတ်ကဲ့ပါဆရာမ''
"ကလေးမ မင်းရင်ဘတ်ကို ခိုင်မိသွားတယ်ဆို အဆင်ပြေရဲ့လား တခါထဲဆရာမကို ပြလိုက်ပါလား''

"အယ်...အဲ့ဒါက အတွင်းဒဏ်ရာဆိုတော့ ကုလို့မရလောက်ဘူး''

"ဟင် မင်းဟာကလည်း''

ကြောင်တောင်တောင်နိုင်လှသော ထိုအခြေအနေကြီးကို ပြုံးစိစိဖြစ်နေတဲ့ ဆရာမရယ် အဟုတ်ကြီးထင်နေသော သူမလေးရယ်နဲ့ ကျတော့မှာ သဘောတကျဖြစ်နေရပါတော့တယ်

"ဒါဆိုလည်း ပြန်ကြတာပေါ့ အမမင်းအိမ်ကိုလိုက်ပို့ပေးရစေ''

"ဟုတ်ကဲ့''

မြိုင်ထိုကလေးမကို ခေါ်ကာ သူမပြောသည့်အတိုင်း ထိုက်လေးမအိမ်ရှိရာကို မောင်းလာခဲ့တော့သည်

အခုမှမြိုင်သေချာကြည့်မိသည် ထိုကလေးမက စကားပြောရင် ကျနော် ကျနော်နဲ့ တချိန်ကမောင့်အမူအရာလေးကိုတောင် မြိုင်သတိရလာမိသည်
'အချိန်တွေကုန်တာမြန်လိုက်တာမောင်ရယ်'

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now