"မိတ်ဆွေခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်""အာ.....ဘာလို့စက်ကပိတ်နေရတာလဲ "
သွန်း အိမ်ရှေ့တခါးဝတွင် စိုးရိမ်ကြီးနေသော မျက်နှာဖြင့် မောင့် ကို စောင့်နေရင်း လက်ကဖုန်းအား တကြည့်ကြည့်ဖြစ်နေလေသည်
"သမီးရယ် ဧည့်ခန်းထဲမှာစောင့်နေပါ့လား ရပ်နေတာဘယ်လောက်တောင်ကြာပြီလဲ"
"ဟင့်အင်းကြီးပု မောင် မပြောကောင်းမဆိုကောင်း တခုခုဖြစ်နေပြီလားမသိဘူးကြီးပုရယ် သမီးရင်တွေအရမ်းပူလောင်နေတာပဲ"
"အလုပ်အရမ်းရှုပ်နေလို့နေမှာပါ လာပါသမီးရယ် ဘုရားလေးသွားရှိခိုးလိုက်ပါလား သမီးစိတ်သက်သာသွားအောင်"
"ဟုတ်ကြီးပု သမီးသွားရှိခိုးလိုက်ပါ့မယ်"
____________________________
"ရှင်း ရှင်း အိမ်ရှင်တို့ အိမ်ရှင်တို့ ီးပဲကွာ ရှင်းရေစကားပြောရအောင်ကွာ"
"အကိုလေး မမလေးအရက်တွေသောက်ပြီးခေါ်မရတော့ဘူး ကြည့်ပါအုံး"
"အာ....ကျစ်"
သူထင်ပါသည် ရှင်းကသိပ်ကိုအစွဲအလန်းကြီးတဲ့မိန်းကလေး သူဒီလိုလုပ်မယ်ထိုက်သိနေသည်
မင်းထိုက်ဝဿန် ရှင်းရဲ့အိမ်စေနောက်ပြေးလိုက်ရင်း ကြမ်းပြင်ပေါ်ခွေခွေလှဲနေသော ရှင်းအား ပွေ့ချီလိုက်သည်ရှင်း မည်မျှအရက်တွေသောက်ထားလည်းမသိ စိတ်နဲ့လူနဲ့ပင်မကပ်တော့ပေ
ထိုက် ရှင်းအားမွေ့ရာတွင်သေချာနေရာချထားပေးလိုက်သည် ထိုက် ရှင်း ၏မျက်နှာလေးအား လက်ဖြင့်အသာထိတော့မည်ဟန်ပြုလိုက်သော်လည်း အမြန်လက်ကိုရုတ်လိုက်သည်
သို့သော် ထိုက်၏လက်အား ရှင်း အမြန်ဖမ်းဆုပ်လိုက်ရင်း သူမပါးပေါ်တင်ပေးလိုက်ရင်း ထိုက်အားကြည့်နေလေသည်
ရှင်း ရုတ်တရပ်ထလိုက်ရင်း မင်းထိုက်ဝဿန်လည်ပင်းအားသိုင်းဖက်လိုက်သည်
"ထိုက် ငါသိတယ် နင်ဘယ်ထိငါ့ကိုလိုချင်နေမှန်း ဘာလို့ငြင်းဆန်နေရတာလည်း နင့်မမက ခွင့်လွှတ်ပေးမှာပါ သူမှ မစွမ်းဆောင်နိုင်တာ"
YOU ARE READING
မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...