"ထိုက် ငါကြောက်တယ်"
"နင့်ကိုမပိုင်ဆိုင်နိုင်တော့ဘူးဆိုတဲ့စိတ်တွေက ငါ့ကိုအရမ်းနှိပ်စက်လွန်းတယ် ငါ ရူးတော့မယ် ထိုက် ရာ"
ရှင်း ထိုက်ရဲ့ ရင်ခွင်ထဲအတင်းတိုးရင်း အသက်ရူရပ်မတပ် ခလေးတယောက်လို အော်ငိုနေခဲ့သည်
ရှင်းရဲ့ တခါမှမမြင်ဘူးတဲ့အပြုအမှုကြောင့် ထိုက်မှာ ကြောင်အမ်းအမ်းဖြစ်နေတော့သည်
ရှင်းခွင်ထဲက ရှင်းကို တင်းကြပ်စွာဖက်မည်အလုပ် အလုပ်စားပွဲခုံက မ ရဲ့ဓာတ်ပုံလေးဟာ သူ့ကို ထိတ်လန့်စေသည် ညကဆိုတဲ့ မရဲ့စကားလုံးလေး ကြားယောင်မိရင်း ရှင်းရဲ့ ကိုလုံးလေးအား ဖယ်ခွာထွက်မိလိုက်သည်
"ငါကအိမ်ထောင်သယ်လေ ရှင်းရာ "
မင်းထိုက်ဝဿန် ရှင်းအား ကျောခိုင်းလိုက်ရင်း နရံဖက်သို့ လှည့်ကာ အတွေးများစွာဖြင့်တွေဝေနေတော့သည်
"ဒါပေမဲ့ နင်ငါ့ကိုချစ်နေရင်ရပြီလေ "
"ငါ မ အပေါ် မဖောက်ပြန်နိုင်ဘူး ရှင်း မ ကငါရွေးချယ်ထားတဲ့ မိန်းကလေး ငါနင့်အပေါ်ခံစားချက်ရှိနေသေးတယ်ဆိုရင်တောင် ငါ မ ကိုမပြတ်သားနိုင်ဘူး ရှင်း"
ထိုက်ရဲ့စကားလုံးများကြောင့် ရှင်းအလွန်တရာဝမ်းနည်းသွားဟန်ပေါ်ပြီ မည်သည့်စကားမှမပြောတော့ပဲ အလျင်အမြန်ထွက်ခွာသွားတော့သည်
"ရှင်းးး နေပါအုံး!"
ရုတ်တရပ်ထွက်ခွာသွားသောရှင်းကြောင့် မင်းထိုက်ဝဿန် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ပဲ ပြေးလိုက်သွားတော့သည်
ရုံးအတွင်းဝန်တန်းများမှာ ရှင်းနှင့် ထိုက်တို့ကို အကြောင်သားငေးကြည့်နေကြသည်
ထိုစဉ် သီဟမှ
"ဘာကြည့်နေတာလဲ ကိုယ့်အလုပ်ကိုလုပ်ကြစမ်း!"
ဟုအော်လိုက်သံကြောင့် အားလုံးကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေသော်လည်း အာရုံမှာ ထိုသူနှစ်ယောက်ဆီတွင်သာကားကိုစီးရင်း မောင်းထွက်သွားသောကြောင့် မင်းထိုက်ဝဿန်မှာ ရပ်ကြည့်နေရုံမှ လွဲ၍မတတ်သာတော့ပေ
:::::::::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...