အပိုင်း(၄၅)

5.3K 1K 167
                                    

『Unicode』

《သူတို့ဂေးတွေက‌တော့ နာမည်ဆိုးနဲ့ကျော်ကြားချက်ပဲ》

ကြောင်?

ကျစ်ယွီရှီသည်လည်း ကြောင်မွေးထားသည်လား?

သို့သော် ဤသည်က အဓိကအချက်မဟုတ် ။ စုန့်ချင်းလန် အခြားသူများနှင့် မတွေ့ချင်ပါပေ ။ သူသည် ကျစ်ယွီရှီနှင့် အတည်ပြုလိုက်ပြီး " အတော်ပဲ ။ ဘယ်သူမှ မင်းကို လာမရှာလောက်ဘူးမလား ? "

ကျစ်ယွီရှီ ရှုပ်ထွေးသွားရသည် ။ "ဘယ်သူလာမှာမို့လို့လဲ ?"

စုန့်ချင်းလန်ပြောလိုက်၏ ။ "အဲ့ဒီကောင်လေး သုံး---"

သူရပ်တန့်လိုက်သည် ။ သူသည် ထိုဆက်ဆံရေးများကို ဖော်ပြရန် 'ကောင်လေး'ဟူသည့် အသုံးအနှုန်းကို သုံးရန် မသင့်တော်ဟု ခံစားလိုက်ရသဖြင့် 'ယောက်ျားလေးသူငယ်ချင်း'ဟု ပြောင်းသုံးလိုက်၏ ။

စုန့်ချင်းလန်သည် မူလက 'အိမ်ရှိအရမ်းချွဲတတ်သူ'မှာ တစ်ယောက်တည်းကိုသာ ရည်ညွှန်းသည်ဟု ထင်ခဲ့ပြီး ထို့ကြောင့်သာ ကျစ်ယွီရှီက တပ်ဖွဲ့၇ထဲဝင်ရန် သိပ်ပြီး စိတ်မပါဟု ထင်ခဲ့သည် ။ ရလဒ်အနေဖြင့် သူသည် ကျစ်ယွီရှီကို ဖိအားမပေးချင်ခဲ့ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့် ပေးချင်ခဲ့သည် ။ အကယ်၍ သူသာ တကယ်ကို ခွဲခွာရန် တွန့်ဆုတ်နေပြီး တပ်ဖွဲ့၇ထဲ မဝင်ချင်လျှင် ရှိစေတော့ဟု တွေးထားသည့်တိုင် တစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်ဟု သူသိသွားသည့်အချိန်မှစပြီး ထိုဆက်ဆံရေးများမှာ သိပ်မကောင်းမွန်ကြောင်း သူသိခဲ့ရသည် ။ ဥပမာဆိုရလျှင် တပ်ဖွဲ့ ၉မှ လင်ရှင်းလန်သည်လည်း အလွန်ပွရှုပ်နေသော အတွင်းရေးကိစ္စများရှိသည်ပင် ။

သို့သော် ကျစ်ယွီရှီကမူ ကွဲပြား၏ ။ စုန့်ချင်းလန်ရှိနေပြီဖြစ်သဖြင့် ကျစ်ယွီရှီကိုယ်တိုင်က ဘယ်လောက်ပဲ ထိုဆက်ဆံရေးများကို ကျန်းမာကောင်းမွန်သည်ဟု ခံစားနေရပါစေ ၊ သူကတော့ ထိုသို့ဘဝနေထိုင်မှုပုံစံမျိုးကို သဘောမတူနိုင်ချေ ။

ကျစ်ယွီရှီ၏ မျက်စိသူငယ်အိမ်များ အနည်းငယ် ပြူးကျယ်သွား၏ ။ "......."

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now