အပိုင်း(၄၈)

5.6K 1K 103
                                    

『Unicode』

《ကျွန်တော့်မှာ အဲ့လိုလက်တွေ့မျိုး မရှိဘူး》

"မင်းခုနက ဘာဖြစ်သွားတာလဲ? " စုန့်ချင်းလန်က မေးလာသည် ။

"ကျွန်တော်မသိဘူး " ကျစ်ယွီရှီက သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည် ။ သူ့နှလုံးသားက တဒုန်းဒုန်းခုန်နေဆဲ ။ သူသည်လည်း ခုနတုန်းက ဘာကြောင့် ထိုလူများနောက် မသိစိတ်‌အလျောက် လိုက်သွားမိလဲ မသိချေ ။

စုန့်ချင်းလန်ကြောင့်သာ မဟုတ်လျှင် သူဤရထားပေါ်သို့ တက်နိုင်လောက်မည်မဟုတ်‌ပေ ။

နှစ်ယောက်သည် သူတို့ခုံများတွင် ထိုင်လိုက်ကြပြီးနောက် ရထားက ထွက်ခွာကာ ဘူတာရုံရှိ ထူးဆန်းသောမြင်ကွင်းကို အဝေးတွင် ချန်ထားရစ်လေ၏ ။

စုန့်ချင်းလန်က လက်မှတ်များကို အလျင်စလိုဝယ်လိုက်ရသဖြင့် သာမန်ရထားတွဲမှ လက်မှတ်များသာ ရခဲ့သည် ။ ယခုအချိန်၌ ရထားတွဲသည် အတော်လေးပြည့်ကျပ်နေပြီး ထိုင်ခုံလွတ်ပင် မကျန်တော့ပေ ။

လူများမှာ သူတို့၏ အထုတ်အပိုးများကို သိမ်းဆည်းနေရင်း စကားပြောနေကြသည် ။ ဘယ်သူကမျှ အထိတ်တလန့်အခြေအနေမှ ပြန်လည်ကုစားနေဆဲဖြစ်သော လူငယ်လေးနှစ်ယောက်ကို သတိထားမိပုံမပေါ်ချေ ။ တစ်ခါတစ်ရံတွင် သူတို့ကို လှမ်းကြည့်နေသောသူများရှိသော်လည်း မျက်စိအလွန်ဖမ်းစားနိုင်သော သူတို့၏ပုံပန်းသွင်ပြင်များကြောင့်သာဖြစ်သည် ။

မနက်စောစောတွင် ကျစ်ယွီရှီ၏ အိမ်တံခါးရှေ့ အိမ်နီးချင်းအ‌ဒေါ်ကြီးက မတ်တပ်ရပ်နေသည်မှစတင်ကာ ကျစ်မင်ယွဲ့ပေါ်လာမှုနှင့် ခုနက ဘူတာရုံတွင် လူသားတံတိုင်း ဖြစ်တည်လာသည်အထိ ကမ္ဘာကြီး၏တစ်ခုသော အစိတ်အပိုင်းကို ညတွင်းချင်း သူတို့ချဉ်းကပ်မိသွားပြီး ထိုအစိတ်အပိုင်းမှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်ပုံပေါ်သည် ။

ကျစ်ယွီရှီသည် စိတ်မသက်သာဖွယ် အကြည့်ကို ထပ်မံခံစားလိုက်ရသည် ။ သူလှည့်ကြည့်လိုက်သော် မျက်မှန်နှင့်ခရီးသည် အမျိုးသားတစ်ယောက်က သူ့ကိုစိုက်ကြည့်နေသည်ကို မြင်လိုက်၏ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now