အပိုင်း(၃၉) ငါဘယ်သူလဲ

5.6K 1K 71
                                    

『Unicode』

ငါဘယ်သူလဲ
《ကျွန်တော့်ရဲ့သံလွင်ခက်》

ကျစ်ယွီရှီနိုးလာသောအခါ ရက်အနည်းမျှ ကျော်လွန်သွားခဲ့လေပြီ ။

နေ့လယ်ခင်းဖြစ်၏ ။ ပြတင်းပေါက်မှတစ်ဆင့် ဆေးရုံခန်းထဲသို့ နေရောင်ခြည်ဖြာကျနေလျက် စကျင်ကျောက်ပြားကြမ်းပြင်နှင့် အဖြူရောင်နံရံတစ်လျှောက် ‌ရွှေဝါ‌ရောင်တောက်ပနေသည်။

အပြင်ဘက်ရှိ ကောင်းကင်မှာ ပြာလဲ့ကာ တိမ်ကင်းစင်လျက်ရှိသည် ။ သာမန်ကောင်းမွန်သာယာသော နေ့တစ်နေ့ပင် ။

ဤသို့သောကောင်းကင်မျိုးကို သူနောက်ဆုံးမြင်ခဲ့တည်းကဆို ဘယ်လောက်‌များကြာသွားပြီလဲ ?

ကျစ်ယွီရှီ ထိုသို့တွေးလိုက်သော်လည်း တစ်ခဏလောက် သူမတွက်ချက်နိုင်ခဲ့ပေ ။

အခန်းထဲရှိ လေအေးပေးစက်မှာ လုံလုံလောက်လောက်အေးနေ၏ ။ ကျစ်ယွီရှီ ကိုယ်ပေါ်တွင် လွှားခြုံထားသော စောင်ပါးတစ်ထည်ပင် ရှိနေသေးသည် ။ သူ့ညာဘက်လက်ဖမိုးထက်တွင် အပ်တစ်ချောင်းစိုက်လျက်ရှိနေပြီး ဆေးရည်များက သူ့သွေး‌ပြန်ကြောထဲ ဖြည်းဖြည်းချင်း စီးဝင်နေခဲ့သည် ။

ယခုတစ်ခေါက် ရွှေ့ပြောင်းခြင်း၏ နောက်ဆက်တွဲသည် ပြင်းထန်လွန်းလှသဖြင့် ကျစ်ယွီရှီအား အချိန်အတော်ကြာ ရှော့ရသည့်အခြေအနေသို့ ရောက်သွားစေ၏ ။ ကံကောင်းစွာဖြင့် သူ့ခန္ဓာကိုယ်သည် ယခင်က ရွှေ့ပြောင်းမှုများစွာပြုလုပ်ထားပြီး ရှေးဦးသူနာပြုနည်းဖြင့် အရင်ဆုံး လက်ဦးမှုရခဲ့သဖြင့် ‌ပြန်လည်သက်သာလာနိုင်ခြင်းဖြစ်သည် ။ သို့သော် ကျစ်ယွီရှီသည် အလွန်ပင်ပန်းနေခဲ့ပြီး နူးညံ့သည့် အိပ်ရာပေါ် ‌လှဲလျောင်းနေစဉ် လက်ချောင်းတစ်ချောင်းပင် မ‌ရွှေ့ချင်ခဲ့ပေ ။

[ ၁၄၅၆ . ၀၆ . ၁၅ ၊ ၁၄ : ၅၁ :၄၀ ]

ကျစ်ယွီရှီ သူပြန်ရောက်သည့်အချိန်တုန်းက မြင်ခဲ့သည့် အချိန်ကိုဩဒိနိတ်ကို ပြန်တွေးကြည့်လိုက်သည် ။

သူတို့ထွက်ခွာခဲ့သည်က ကြယ်ခေတ် ၁၄၅၆ခုနှစ် ၊ မေ ၁၇ရက်နေ့တွင်ဖြစ်သည် ။ သူတို့ထွက်ခွာပြီးချိန်မှစ၍ တစ်လလောက်ကြာသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိချေ ။ အဆက်အသွယ်အားလုံး ပြတ်တောက်သွားသည့် ထိုတစ်လအတွင်း သူ့မိသားစုအပါအဝင် ကျန်းမြို့မှလူအများအတွက်လည်း အတော်ခက်ခဲခဲ့လောက်သည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Tahanan ng mga kuwento. Tumuklas ngayon