Zawgyi
ဒီနေ့တော့ ရောင်ဝမ်တို့အိမ်မှာ အားလုံးစုဝေးနေကြတယ် အကြောင်းကတော့********
' ကမ်းခြေကိုသွားကြမယ်လေ ဘယ်သူသဘောတူလဲ ' ကျားရှင်ပြောလိုက်တော့
' ကျွန်တော်....... ' ရှောင်ကျူး ရှောင်ဟန် ရှောင်စူး ၃ယောက်လုံးထောက်ခံကြတာမို့
' ကောင်းပြီလေ ဒါဆို ကမ်းခြေကိုသွားဖို့ဆုံးဖြတ်လိုက်ပြီ ဘယ်နေ့သွားကြမလဲ ' တင်းကောပြောလိုက်တော့....
' သဘက်ခါက စနေနေ့ဆိုတော့ အဲ့နေ့သွားကြမယ်လေ တနင်္လာနေ့မှပြန်လာကြမယ်....' ကျားရှင်ဝင်ပြောလိုက်သည်ကို
' ကောင်းတယ် ' တင်းကောထောက်ခံလိုက်တယ် ရောင်ဝမ့်ကိုတော့ရှိတယ်တောင်မထင်ကြ ။
' ရောင်ဝမ်ရော သဘောတူလား ' တင်းကောမေးလိုက်ခြင်း
(တော်သေးတာပေါ့ ငါ့ကိုအဖက်လုပ်ကြသေးလို့)' အင်း အားလုံးကတူတယ်ဆိုရင် ငါလည်းတူတယ် '
' အိုခေ ကလေးတွေရောဘာပြောချင်ကြသေးလဲ '
' ဘာမှမပြောချင်တော့ပါဘူး အားလုံးအဆင်ပြေတယ် ' ရှောင်ဟန်သွက်သွက်လက်လက်ဝင်ဖြေလိုက်တယ်
' ဒီနေ့တော့ နေ့လည်စာကိုဒီမှာပဲစားသွားတော့မယ် ' ကျားရှင်ရဲ့အပြောကို...
' ဘယ်သူကကျွေးမယ်ပြောလို့လဲ '
' မင်းဆီကမစားပါဘူး ကျူးကျူးဆီကစားမှာ....'
' ကျူးကျူးတစ်ယောက်တည်းသဘောနဲ့ကျွေးလို့မရဘူးကွ ငါ့သဘောလည်းပါမှမင်းတို့စားရမှာ......'
' မင်းကဘာမို့လို့လဲ '
' ငါကအိမ်ထောင်ဦးစီး ကျူးကျစ်ရှင်းအမျိုးသားမလို့ပေါ့ ' မခံချင်စိတ်နဲ့လွှတ်ခနဲပြောပြီးမှ ရှက်သွားပြီး ကျူးကျူးကိုလှည့်ကြည့်လိုက်တော့ ထိုကလေးရဲ့နားရွက်လေးတွေနီရဲနေတာကိုတွေ့လိုက်ရတယ်....
************************************
' သားတို့သေချာဂရုစိုက်ပြီးမောင်းသွားကြဦး ဟိုရောက်ရင်လည်းမားတို့ကိုဖုန်းဆက်ကြဦး '
*ရောင်ဝမ်တို့အိမ်ကို လူကြီးတွေအားလုံးစုရောက်နေခြင်း...
YOU ARE READING
Arranged Marriage ( completed )
Fanfictionလျိုရောင်ဝမ် မားတို့စီစဉ်ပေးတာမိန်းကလေးလည်းမဟုတ်ဘူး သားကဘယ်လိုလက်ခံရမှာလဲ ကျူးကျစ်ရှင်း မေမေ သားကျောင်းမပြီးသေးဘူးလေ ပြီးတော့ ယောကျာ်းလေးတစ်ယောက်နဲ့တဲ့လား...