Zawgyi
အပြင်ကပြန်လာပြီးကတည်းက ဝမ်ကောအကြောင်းပဲစဉ်းစားနေမိတဲ့ကျူးကျစ်ရှင်း။ ဝမ်ကောကိုသဘောကျနေမိပြီလား မဟုတ်လောက်ပါဘူး ဝမ်ကောကဂရုစိုက်ပေးလို့ စိတ်လှုပ်ရှားသွားတာနေမှာပါ ဟူး........မလွယ်ပါလား.....စာမလုပ်ချင်တာချင်းအတူတူ TVပဲကြည့်တော့မယ်
' ဘာကားကြည့်ရင်ကောင်းမလဲ သရဲကား ဟုတ်တယ်သရဲကားကြည့်ရမယ်.....' တွေးရင်း နိုင်ငံခြားသရဲကားကြည့်ဖို့ပြင်လိုက်တယ်
' ကျူးကျူး စာမလုပ်တော့ဘူးလား စာမေးပွဲနီးနေပြီမလား....'
' ဟုတ်စိတ်မပါသေးလို့ အခုသရဲကားကြည့်မလို့...'
' အတော်ပဲ ကိုယ်လည်းအလုပ်တွေပိနေတာနဲ့ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ...'
ကျူးကျစ်ရှင်းကတော့ ** အာ...ဒုက္ခပဲ ဒီနေ့ဝမ်ကောဘာဖြစ်နေပါလိမ့် ငါနဲ့ပိုနီးကပ်နေသလိုပဲ
~~~~~~~~~~♥♥♥~~~~~~~~~~
' အား..........' သရဲထွက်မလာခင် ကျူးကျူးဦးအောင်အော်လိုက်တယ်
' ကျူးကျူးရယ် သရဲကထွက်မလာသေးဘူးလေကွာ.....'
' ဟိုကျွန်တော်ကြောက်လို့ပါ 😰'
' ကြောက်တတ်တာများ ဘာလို့သရဲကားကြည့်နေတာလဲ ကလေးက ကလေးလိုနေလေ အရင်လိုကာတွန်းကားကြည့်ပါလား...'
' ကျွန်တော်လည်း တစ်ခါတစ်လေသရဲကားကြည့်ချင်လာလို့ပေါ့😒.......အား........ဝမ်ကော....' ပါးစပ်ကလည်းအော် လက်ကလည်း ဘေးကရောင်ဝမ့်ကိုအော်တိုဖက်ပြီးသားအနေအထားမှာ...
ကျူးကျူးသူ့ကိုဖက်ထားတာမလွှတ်တော့။ သရဲအခန်းကဖြင့် ပြီးသွားတာ ၁မိနစ်လောက်ရှိနေပြီ ဒါပေမဲ့ ရောင်ဝမ်လည်းငြိမ်ပြီးအဖက်ခံနေလိုက်တယ်...
နောက်မှကျူးကျူးလည်းဖက်ထားတာကိုသတိရသွားပြီး လွှတ်ပေးလိုက်တယ် ထိုအခါမှ ရောင်ဝမ်လည်း ' ကိုယ့်ကိုလွှတ်ပေးဖို့တော့သတိရသေးသားပဲ... 😂 '
' ဟိုတောင်းပန်ပါတယ်ဝမ်ကော ကျွန်တော်နောက်ဆိုသရဲကားမကြည့်တော့ဘူး😪 '
' အင်း မကြည့်နဲ့ '
' ဒါပေမဲ့ စာမေးပွဲပြီးရင် ရှင်းဟောက်နဲ့ဟောက်ရှန်းကောက ရုပ်ရှင်တူတူသွားကြည့်ဖို့ခေါ်ထားသေးတယ် ဘယ်လိုလုပ်ရပါ့😣'
YOU ARE READING
Arranged Marriage ( completed )
Fanficလျိုရောင်ဝမ် မားတို့စီစဉ်ပေးတာမိန်းကလေးလည်းမဟုတ်ဘူး သားကဘယ်လိုလက်ခံရမှာလဲ ကျူးကျစ်ရှင်း မေမေ သားကျောင်းမပြီးသေးဘူးလေ ပြီးတော့ ယောကျာ်းလေးတစ်ယောက်နဲ့တဲ့လား...