Part-2 ( Z + U )

115 10 8
                                    

Zawgyi

💓 Wedding Day 💓

' မေမေ သားမပြင်လို့မရဘူးလား မိန်းကလေးလည်းမဟုတ်ဘဲနဲ့☹ '

' ရှောင်ကျူးလေးက ဒီနေ့အတွက်မင်းသားလေးလေ အဲ့တော့ သားလေးကထင်ပေါ်နေရမှာပေါ့....မေမေ့သားလေးကချစ်စရာလေးကွယ်.... '

' မေမေ ကျူးကျူး ဒီမှာ အကိုစူရှင်းဟောက်လာပြီ ကျွန်တော်ခေါ်လာခဲ့တယ် '
ရှောင်ဟန်ကပြောရင်း အခန်းထဲဝင်လာတယ် ပြီးတော့... ' ကျူးကျူး မင်းချောလိုက်တာ မင်းသားလေးလိုပဲ ဒါပေမဲ့ ချစ်စရာပိုကောင်းတယ် '

' ချစ်စရာကောင်းရအောင် ငါကမိန်းကလေးလား ဟန်လေးနော်....ဟင်း 😏'

' ကဲကဲ သားတို့စကားပြောကြဦး မေမေ အရှေ့မှာ လင်းတို့နဲ့အတူသွားပြီးဧည့်ခံလိုက်ဦးမယ်နော်......' ပြောပြီးတာနဲ့ထွက်သွားသောမေမေ...

' ရှင်းဟောက်အစောကြီးလာတာပဲ နောက်ကျမှလာလည်းရတာပဲကို....အားနားလိုက်တာ '

' ငါက ငါ့သူငယ်ချင်းကိုအစောကြီးတွေ့ချင်လို့ပါကွာ ငါ့သူငယ်ချင်းက ဒီလို suitနဲ့ဆိုတော့ မိုက်နေတာပဲ😂 '

' ဟီးဟီး ဟန်လေး သူများတွေပြောတာမြင်လား အတုယူထား '

' ရှောင်ဟန်လေးလည်း ချစ်စရာကောင်းတာပဲ ပန်းရောင် suitနဲ့လေးနဲ့ယုန်ပေါက်လေးနဲ့တူတယ် '

' အကိုရှင်းဟောက်လည်း ပန်းရောင်နဲ့လိုက်တာပါပဲ အရမ်းချောတယ် 😍💕 '

ရှောင်ဟန်နဲ့ရှင်းဟောက် အခုလိုစကားတွေလာပြောပေးကြတော့ ကျူးကျူးစိတ်ထဲပေါ့သွားတယ် အစကစိတ်လှုပ်ရှားပြီးကြောက်နေခဲ့တာ...

တစ်ဖက်အခန်းထဲမှာတော့💓

' ရောင်ဝမ်မျက်နှာကိုတည်မထားနဲ့နော် ပွဲထဲရောက်ရင်ပြုံးဖို့လည်းမမေ့နဲ့ဦး ကြားလား.'

' ဟုတ်ကဲ့ပါ တင်းချန်ရှင်းရယ်....😏 '
ရောင်ဝမ်နဲ့တင်းကော စကားပြောနေတုန်း အခန်းထဲကို ကျားရှင် ဝင်လာတယ်...

' အို....တင်းကောကရောက်တောင်နေပြီကိုး.....နောက်လလောက်မှလာမယ်ထင်ထားတာ..'

' အစကတော့ နောက်လမှလာမလို့ ဒါပေမဲ့ ငါ့ညီလေးရဲ့မင်္ဂလာပွကိုတော့အလွတ်မခံနိုင်ဘူးလေ. အဲ့ဒါကြောင့် စောစောလာဖြစ်သွားတာ '

Arranged Marriage ( completed )Where stories live. Discover now