[system ရေ..တောင်အောက်ဆင်းတဲ့အခါ ငါသုံးဖို့ ညလင်းပုလဲလေး ထောက်ပံ့ပေးပါလား..အမှတ်ဖြတ်မယ်ဆိုလည်း ရတယ်လေ..]
[ systemက ကမ်ဘာတွေဆီမှာ စည်းမျဉ်းတွေကို ကူးယူပြီး မင်းကို ဇာတ်ကြောင်းပို့ပေးပြီး မဖြေရှင်းနိုင်တဲ့ အခြေအနေတွေအတွက်ပဲ တည်ရှိနေတာ ပါ.. ဈေးရောင်းမယ့် shopping mall ဖွင့်ထားတာမဟုတ်ပါဘူး..] အလကားငါ့ကိုအခက်တွေ့အောင် လုပ်တဲ့ကောင်...ဘာitem မှမင်းအတွက်မရှိဘူး
[မင်းကြောင့်နဲ့ ဒီထဲမွာ သောင်တင်နေရတာလေ..နည်းနည်း အားနာပါဉီးလား..]ကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေလိုက်ကွ..
[system မွာ ခံစားချက်ရယ်လို့ မရှိတဲ့အတွက် အားနာခြင်းတရားဆိုတာမျိုး လည်းမရှိပါဘူး..ဒါကြောင့် system ဆီကေန အမြတ်ထုတ်ဖို့ ကြိုးစားနေတယ် ဆို ရပ်တန်းက ရပ်လိုက်ဖို့အတွက် system အကြံပြုချက်တင်သွင်းပါတယ်..] ငါ့ကိုအမြတ်ထုတ်ချင်နေသေးတယ်...ဒီလောက်လွယ်မလား..ဟီးဟီး။
[.....]ဒီလို အဆိပ်ပြင်းတဲ့ system..
တောင်အောက်ဆင်းဖို့ စာရင်းပြုနေတာပြီးလို့ နှစ်ရက်ရှိသွားတဲ့အခါမှာတော့ ရှစ်စွင်းရဲ့ အချစ်တော် ရှစ်ကျဲရောက်လာတယ်...
မိန်လိ: "ဖုန့်ဖုန့် နင်က မိန်းကလေးလည်း မဟုတ်ပါပဲ ပြင်နေတာ ဒီလောက် ကြာလား..ဒီနေ့မှ တောင်အောက်မဆင်းရရင် ဖုန့်ဖုန့် နင်ပြေးမလွတ်ဘူး"
အပြုံးလှလှလေးနဲ့ ပြောနေပေမယ့် ခြိမ်းခြောက်နေတယ်ဆိုတာတော့ သူသိနေပါသေးတယ်နော်..
လင်ဖုန်းလေးခမျာ ကျောချမ်းသွားရှာတယ်..
အား..ရှစ်ကျဲက ကြောက်ဖို့ကောင်းလိုက်တာ"ရှစ်ကျဲက နောက်နေပြန်ပါပြီ..ကျွန်တော်က အားကျိုးကို စောင့်နေတာပါ..သူက အခုမှ ဆင်းမှာဆိုတော့ အသင့်ပြင်လို့ရအောင် အချိန်ပေးထားတာပါ.."
မိန်လိ တိတ်တဆိတ် မျက်လုံးလှန်လိုက်တယ်..ကောင်စုတ်လေး နင်လည်း အခုမှ ဆင်းရမှာပဲကို ကျိုးကျိုးကို လွှဲချချင်နေသေးတယ်.. နင့်သိုလှောင်လက်စွပ်က အရောင်တောင်ပြောင်းတော့မယ်ဟဲ့...
သေချာတာပေါ့ ထုတ်တော့မပြောပါဘူး...ပြောမိရင် ကောင်စုတ်လေးရှက်နေတာနဲ့ တောင်အောက်ရောက်မှာမဟုတ်တော့ဘူး