ပြောင်းပြန်လန်နေတဲ့ ပုံရိပ်တွေကြောင့် မူးနောက်နေပြီး သိပ်မကြာခင်မှာ အခန်းငယ်လေးတစ်ခုထဲရောက်သွားသည်.. မိန်လိက ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးမှ စိတ်ချသွားပုံဖြင့် ပြောလာသည်..
"ရပြီ..ဒီမှာဆိုလုံခြုံပြီ..ကျိုးကျိုး ဟိုကလေးကို ဒီမှာချ.."
ထန်ကျိုးက အသံတစ်ချက်ပြုရင်း ထိုကလေးကို ကုတင်ပေါ်သို့ ပစ်ချလိုက်သည်..
တောင်ပေါ်ကနေ ဆင်းလာသည်မှာ မကြာသေးသော်လည်း လုပ်ကြံမည့်သူများက ရောက်လာပြီဆိုတော့ အခြေနေက ပြင်းထန်သည်..ဒါပေမယ့် သူနားမလည်တာက ဒီနေရာက ဘာလို့ လုံခြုံပြီလို့ထင်ရတာလဲ..
"ရှစ်ကျဲ..ဒီနေရာက.."
မိန်လိကစကားဆုံးအောင်တောင် မစောင့်ပဲ ဖြတ်ပြောလာသည်..
"ငါတို့ယုံကြည်လို့ရတယ်..ပိုင်ရှင်က မကြာခင်ရောက်လာလိမ့်မယ်.."[မင်းတို့ ဟိုတစ်ယောက်ကို အရင် စစ်ဆေးမကြည့်ကြဘူးလား...သေပြီးမှဆို နည်းနည်း နောက်ကျမနေဘူးလား..]
[ sh**!!..သူ့ကို မေ့နေတာ..]
လင်ဖုန်း ထိုကလေးနားကိုလှစ်ကနဲရောက်သွားပြီး..
"ရှစ်ကျဲ သူ့က"
"အမ်..ငါသူ့ကိုမေ့သွားတယ်..လာ လာ ကြည့်ရအောင်"
စစ်ဆေးပြီးတော့ မိန်လိက ပြောလာသည်..
"ဘာမှမဖြစ်ဘူး..ဝိညာဉ်စွမ်းအားကုန်ခမ်းသွားတာပဲ..ဒါပေမယ့် သူ့ရဲ့ အဆင့်ကို ဆုံးဖြတ်လို့မရဘူး..ထူးဆန်းနေတယ်.."
"ဒါက.."
"သူ့အဆင့်က ကျွန်တော်တို့ထက်မြင့်တာ..ဒါမှမဟုတ် အဆင့်ကိုကာကွယ်ပေးနိုင်တဲ့ ရတနာတစ်ခုရှိတာ..." ထန်ကျိုးက ဖြတ်ပြောပြန်သည်..ဂါးးးး စိတ်မကြည်တော့ဘူး..
နောက်ကနေ အသံတစ်ခုထွက်လာသည်..
"ဟေး..ကျွန်တော့်ကို ကြိုးဖြည်ပေး..""မလောပါနဲ့... တစ်ယောက်နဲ့တစ်ယောက် အရင်မိတ်ဆက်ပြီးမှဆိုလည်း နောက်မကျသေးပါဘူး..."
လင်ဖုန်း လူယုတ်မာပြုံးလေးနဲ့ပြောလိုက်သည်..ဒီလူက အန္တရာယ်မပေးမှန်းသိသော် လည်း..ဒီလိုသိတာက သူတစ်ယောက် ထဲပဲလေ..ဒီအုပ်စုထဲမှာ လင်ဖုန်းနိုင်တာ အခု အမည်မသိရသေးတဲ့ ကောင်စုတ်လေး တစ်ကောင်ပဲရှိတယ်..ဟီးဟီးအသံခပ်ပြတ်ပြတ်ထွက်လာသည်..
"ရှီရိ! ..တစ်ကိုယ်တော်ကျင့်ကြံသူ..အသက် ၁၇..စစ်ဆေးရေးအတွက်လာပူးပေါင်း တာ.."