အပိုင်း (၁) Unicode & Zawgyi

1.1K 36 2
                                    

အိမ်အတွက်ချက်ပြုတ်ပြင်ဆင်တာက ပြီးသလောက်ဖြစ်နေလေပြီ။ ဟင်းရည်မပါရင်မစားတတ်တဲ့အဖေ့အတွက် ဒီကြံမဆိုင်ဟင်းချိုလေးကိုကြက်ရိုးလေးထည့်ပြီး ချက်ထားတာမို့ပွက်ပွက်ဆူလာတဲ့သူ့ရဲ့အနံ့အရသာလေးက မွှေးကြိုင်နေပြီး မီးဖိုတခန်းလုံးမှာထိုအနံ့လေးကအပြည့်။ ကိုယ့်အတွက်ထမင်းဘူးကိုပါအဆင့်သင့်ထည့်ထားလိုက်ပြီးနောက်မှာတော့ ဟင်းချက်ထားရလို့ငြီးစိနေတဲ့ဒီခန္ဓာကိုယ်ကြီးကို သန့်ရှင်းဖို့ရေမိုးချိုးရမည်။ အကုန်လုံးအတွက်ပြင်ဆင်ထားတဲ့မနက်စာကတော့ ပန်းကန်ပြားလေးပေါ်မှာ အသင့်တင်ထားလိုက်တာနဲ့ မနက်တိုင်းလုပ်နေကျထမင်းဟင်းချက်ခြင်းတာဝန်က ပြီးဆုံးသွားလေပြီ။

"အဖေ၊ အမေ သမီးသွားပြီနော်"

ပြင်ဆင်လို့ပြီးတာနဲ့ ဧည့်ခန်းထဲမှာမနက်စာထိုင်စားနေတဲ့မိဘနှစ်ယောက်ကို နှုတ်ဆက်ပြီးကျောင်းသွားနေကျက ပန်းမြတ်ရဲ့နေ့စဉ်အလုပ်တွေထဲကတခု။

"အဖေ နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် အမှိုက်ပုံးတွေထဲ မသွန်ပစ်နဲ့နော် သမီးပြန်လာရင် အကုန်ရှာကြည့်မှာနော်"

"မသွန်ပါဘူး သမီးရယ် အဖေ ဒီနေ့တကယ်သောက်မှာပါ အဲ့နေ့ကဟာကလည်း ပစ်မဲ့အမှိုက်နဲ့ရောပြီးပါသွားတာပါ"

"‌ေကျာင်းသွားမှာသာ စိတ်ချသွားပါ ဘေးနားမှာ အမေလည်းစောင့်ကြည့်ထားပေးမယ် ဒီနေ့ဘယ်အပြင်မှသွားစရာမရှိဘူး"

ထိုသို့ပြောလိုက်တော့ အဖေ့ရဲ့မျက်နှာက အလိုမကျမှုနဲ့အတူရှုံ့မဲ့သွားသည်။ ဟိုနေ့ကလည်း အိမ်မှာဘယ်သူမှမရှိတော့ သောက်ရမဲ့ဆေးကို ကိုယ့်သဘောနဲ့ကိုယ်လွှတ်ပစ်လိုက်တာပဲဖြစ်သည်။ သွေးတိုးရောဂါရှိတဲ့အဖေကဆေးတွေခဏခဏမသောက်ချင်တာ နားလည်ပေမဲ့လည်း ကျန်းမာရေးအတွက်တော့ သောက်မှဖြစ်မယ်လေ။ ပြီးရင်လည်း ဦးတင်ထွန်းတို့က မတည့်တာကိုပဲစားချင်ေနတာ...

"အင်း အဲ့ဒါကောင်းတယ် အာ့ဆိုသမီးသွားပြီနော်"

"အေး အေး"

နှုတ်ဆက်ပြီးလှည့်ထွက်သွားတဲ့ စကပ်ဝဲဝဲလေးဝတ်ထားတဲ့ ထိုကောင်မလေးမှာ ငယ်ရွယ်မှုနဲ့တက်ကြွမှုကိုအပြည့်မြင်ေနတာမို့ နောက်ကမိဘနှစ်ပါးက ပြုံးပြီးကြည့်ကျန်နေခဲ့ကြသည်။ သူတို့သမီးတောင် ဒီအရွယ်ရောက်လာပြီ....
~
~
~
အမြဲစောစောထွက်လာပေမဲ့ မနေ့ကမိုးရွာထားတော့ လမ်းပေါ်မှာေရကွက်ေတွနဲ့စိုရွှဲနေကြပြီး အရင်ရက်တွေကထက် အအေးပိုလာတာတော့အမှန်။ တော်ပါသေးရဲ့...သူမကုတ်အင်္ကျီလေးယူလာခဲ့လို့...

အချစ်စစ်တို့ဖူးပွင့်ဝေစေ[ခေတ္တရပ်နား]Donde viven las historias. Descúbrelo ahora